အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့၏ ယာယီရုံးဖွင့်လှစ်နိုင်မှုအခြေအနေများ ကြည့်ရှုစစ်ဆေး
အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့၏ ယာယီရုံးဖွင့်လှစ်နိုင်မှုအခြေအနေများ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / April 14, 2025

နေပြည်တော် ဧပြီ ၁၃
အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ယာယီရုံးဖွင့်လှစ်ထားရှိမှု အခြေအနေအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်အဖွဲ့သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ယာယီရုံးဖွင့်လှစ်ဆောင်ရွက်ထားရှိမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ထပ်မံဆောင်ရွက်မည့် ယာယီရုံးပြောင်းရွှေ့ ဆောင်ရွက်မည့်အခြေအနေအား တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ ယာယီရုံးဖွင့်လှစ် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေး၊ လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

အမိန့်ကြော်ငြာစာအမှတ်(၂၇/၂၀၂၅) အကောက်ခွန်နှုန်းလျော့ချသတ်မှတ်ခြင်း
Posted on Apr 10, 2025Myanmar National Human Rights Commission Statement No. (4/ 2025)
Posted on Apr 4, 2025မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၄/၂၀၂၅)
Posted on Apr 4, 2025