အနောက်ကမ္ဘာမှ သင်ခန်းစာများ

အနောက်ကမ္ဘာမှ သင်ခန်းစာများ


Ministry of Information/ Naypyitaw / October 04, 2025
image_latest


အနောက်ကမ္ဘာတွင် အသံဗလံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လျက်ရှိရာ အဓိကပြဿနာမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒများပေါ်တွင် အခြေခံသည်။ ထို့အပြင် ကမ္ဘာကို လစ်ဘရယ်အယူအဆများ အတင်းကာရောတင်ပို့နေကြသည့်နိုင်ငံများ ကိုယ်ဖော်သည့်ဆေးကိုယ်ပြန်မစားနိုင်ခြင်းဖြစ်ပြီး နောက်ထပ်ပြဿနာတစ်ခုမှာ နိုင်ငံအတွင်းမူလတည်ရှိနေသည့် ယဉ်ကျေးမှုနှင့် နောက်မှဝင်ရောက်လာသည့်ယဉ်ကျေးမှုတို့အကြား ဝိရောဓိများဖြစ်ပေါ်လာ ခြင်းဖြစ်သည်။

ဒုက္ခသည်အမည်ခံကာ လူ့အခွင့်အရေးခေါင်းစဉ်အောက်မှ ဥရောပနိုင်ငံများဆီသို့ ဝင်ရောက်လာသူများကို လစ်ဘရယ်အယူအစွဲသန်သူ နိုင်ငံရေးသမားများဦးဆောင်နေသည့် ဥရောပနိုင်ငံအချို့က ကြိုဆိုခဲ့ကြသည်။ ၎င်းတို့မြေပေါ်သို့ခိုလှုံလာကြသူများကို လူသားချင်းစာနာထောက်ထားမှုဖြင့် လက်ခံခဲ့ကြရာတွင် ၎င်းတို့၏အချို့လုပ်ရပ်များမှာ နဂိုရှိရင်းစွဲနိုင်ငံသားများ အမြင်မကြည်စရာဖြစ်ခဲ့သည်။ ၎င်းတို့နိုင်ငံသို့ဒုက္ခသည်အဖြစ် ရောက်ရှိလာသူများကို နေထိုင်စရာမရသေးမီ အကောင်းစားဟိုတယ်များ၌ ထားပေးခြင်း၊ အစားအစာကျွေးမွေးခြင်း၊ အလုပ်အကိုင်ရှာဖွေပေးခြင်းများ ပြုလုပ်ပေးနေချိန်တွင် ပြည်တွင်းရှိအိမ်ခြေယာမဲ့စစ်ပြန်ရဲဘော်များကို လျစ်လျူရှုထားခြင်း၊ ခိုကိုးရာမဲ့သူများအတွက် မည်သည့် ဆောင်ရွက်ပေးမှုမှ မရှိခြင်းတို့နှင့်စပ်လျဉ်း၍ အခွန်ထမ်းပြည်သူများက မကျေမလည်ဖြစ်ခဲ့ကြသည်။

နောက်ပိုင်းတွင် ၎င်းတို့၏နိုင်ငံသို့ ဝင်ရာက်ခိုလှုံလာသူများက မူလနိုင်ငံသားများအပေါ် အန္တရာယ်ပြုမှုများဖြစ်ပေါ်လာသည့်အပြင် မတူညီသောယဉ်ကျေးမှုများကြောင့် ၎င်းတို့၏လူ့အဖွဲ့အစည်းအတွင်း မတည်မငြိမ်မှုများလည်း ဖြစ်ပေါ်လာသည်။ ထို့အပြင် အိမ်ရှင်ကို ဧည့်မောင်းဆိုသည့် ဆိုရိုးစကားအတိုင်းပင် နောက်ရောက်လာသူတို့က အစိုးရအဖွဲ့အတွင်း အရေးပါသည့်နေရာများကို ဝင်ယူလာကြပြီး နောက်ထပ်အခွင့်အရေးများတောင်းဆိုခြင်း၊ အင်အားပြု၍ မာမာထန်ထန်ဆန္ဒပြအရေးဆိုခြင်းများ ပြုလုပ်လာကြရာ ယင်းအပေါ်ဌာနေနိုင်ငံသူနိုင်ငံသားများက စိုးရိမ်မှုများဖြစ်ပေါ်လာပြီး ၎င်းတို့၏ ရှိရင်းစွဲဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုတို့ကိုကာကွယ်ရန် တုံ့ပြန်လာကြသည့်အနေဖြင့် လူသိန်းနှင့်ချီ၍ပါဝင်သောဆန္ဒပြပွဲကြီးများ ပြုလုပ်လာကြသည်။ ဥရောပမြို့ကြီးအတော်များများနှင့် ဩစတြေးလျ၊ နယူးဇီလန် စသည့်နိုင်ငံများအထိပါဝင်ကြသည်ကို သတင်းများတွင်တွေ့ရသည်။ ယင်းနှင့်ပတ်သက်၍ လေ့လာသူများက လစ်ဘရယ်ဝါဒကျဆုံးခြင်းနှင့် အမျိုးသားရေးဝါဒခေါင်းထောင်ထလာခြင်းအဖြစ် သုံးသပ်ကြသည်ကိုလည်း တွေ့ရသည်။

လက်ရှိကမ္ဘာ့ဖြစ်ရပ်များမှသင်ခန်းစာယူရန်မှာ မိမိတို့နိုင်ငံတွင်လည်း မည်သည့်အစိုးရက နိုင်ငံ့တာဝန်ကိုယူသည်ဖြစ်စေ နိုင်ငံနှင့်လူမျိုး၏ အကျိုးစီးပွားထက်ကျော်လွန်ပြီး မည်သည့်အယူဝါဒကိုမျှ နိုင်ငံအတွင်းသွတ်သွင်းမလာစေရန်ပင်ဖြစ်သည်။ ပြီးခဲ့သည့် ဒီမိုကရေစီဒုတိယအစိုးရလက်ထက်တွင် ပြည်ပလက်ဝေခံအဖွဲ့ အစည်းများမှတစ်ဆင့် လစ်ဘရယ်အယူအဆကို မြန်မာနိုင်ငံအတွင်း သွင်းယူလာခဲ့ပြီး အမျိုးသားရေးစိတ်ဓာတ်များ ပျက်ပြားစေရန် ယဉ်ကျေးမှုနှင့် ဘာသာ၊ သာသနာအပေါ် အလေးထားမှုများလျော့ပါးစေရန် စနစ်တကျဖျက်ဆီးခဲ့ကြသည်။ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များအတွင်း အဓိကလုပ်ဆောင်ခဲ့ကြပြီး မြန်မာ့လူ့အဖွဲ့အစည်းကို မူလအခြေခံတန်ဖိုးများပျက်ပြားစေရန် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

အမျိုး၊ ဘာသာ၊ သာသနာဆိုသည်ကို ကျဉ်းမြောင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ အစွန်းရောက်စိတ်ဓာတ်ဖြင့် ကျင့်သုံးခြင်းတို့သည် ပျက်စီးရာပျက်စီးကြောင်းကို ဖြစ်စေသည့်အလျောက် ရှောင်ကြဉ်ကြရမည်ဖြစ်သော်လည်း မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကို နိုင်ငံသူနိုင်ငံသားအားလုံးက ချစ်မြတ်နိုးစွာ ကာကွယ်စောင့်ရှောက်ကြရပါမည့်အကြောင်း။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက် ၊ အောက်တိုဘာ ၄ ရက်၊ စနေနေ့။


Posted on Oct 04, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက် ၊ အောက်တိုဘာ ၃ ရက်၊ သောကြာနေ့။


Posted on Oct 03, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Oct 02, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 30, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Posted on Sep 30, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် ၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Sep 29, 2025
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏...

Posted on Oct 3, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Posted on Oct 3, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

သန့်ရှင်းရေးအကူရာထူး (၂) နေရာတို့အတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Oct 3, 2025

သန့်ရှင်းရေးအကူရာထူး (၂) နေရာတို့အတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း

HOT NEWS
January 4,