အများပြည်သူလိုလားနှစ်သက်သည့် ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်

အများပြည်သူလိုလားနှစ်သက်သည့် ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်


Ministry of Information/ Naypyitaw / December 19, 2025
image_latest


မြန်မာနိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသောနိုင်ငံဖြစ်သည်။ တပ်မတော်သည် နိုင်ငံ့တာဝန်ကို မလွှဲသာမရှောင်သာ စတင်ယူစဉ်အချိန်ကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေးလုပ်ငန်းစဉ်များ ချမှတ်၍ တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သည်။

ယခုအခါ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန် ရက်သတ္တတစ်ပတ်ခန့်သာ လိုတော့သည်။ ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်ကို တည်ဆောက်နေသည့် နိုင်ငံများအတွက် ဦးစွာအရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံအနေဖြင့် ငါးနှစ်တစ်ကြိမ်ကျင်းပသည့် ရွေးကောက်ပွဲကို အလေးအနက်ထားရမည်ဖြစ်သည်။ နိုင်ငံတော်ကို ခေတ္တစတင်တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်မှုမရှိဘဲ ဘေးပယောဂများ၊ သွေးထိုးလှုံ့ဆော်မှုများ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာကြသည်ဖြစ်ရာ နိုင်ငံတော်နှင့် နိုင်ငံ့အရင်းအမြစ်များစွာ ထိခိုက်ဆုံးရှုံးပျက်စီးခဲ့ရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ယခုအခါ နိုင်ငံအတွင်းရှိ ဒေသအချို့မှလွဲ၍ ဒေသအများစု တည်ငြိမ်အေးချမ်းပြီး အလားအလာကောင်းများရှိနေပြီဖြစ်သည်။ ထို့ကြောင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး အပိုင်း (၂) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ကျန်ရှိသော အပိုင်း (၃) ကို အပိုင်း (၂) ကျင်းပပြီး နှစ်ပတ်အကြာတွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို တစ်ချိန်တည်းတစ်ပြိုင်တည်း ကျင်းပလေ့ရှိသော်လည်း နိုင်ငံ၏ပကတိအခြေအနေအရ လိုအပ်မှုများရှိပါက အပိုင်းလိုက် ခွဲခြားကျင်းပလေ့ရှိသည့် အစဉ်အလာများရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့သည်မှာ ဒီမိုကရေစီအစိုးရ နှစ်ဆက်တိုင် ရှိခဲ့ပြီးနောက် ဒုတိယအစိုးရသက်တမ်းကာလတွင် ၎င်းတို့၏ အားနည်းချက်အမျိုးမျိုးကိုဖုံးကွယ်၍ နိုင်ငံတော်အာဏာကို အဓမ္မရယူရန်ကြိုးပမ်းခဲ့သဖြင့် နိုင်ငံရေးအချိုးအကွေ့ဖြစ်ခဲ့ရသည်။ ယင်းကို မကျေနပ်သူများ၊ အသိအမြင်လွဲလမ်းမှားရောက်သူများနှင့် လမ်းမှားသို့တွန်းပို့သူများကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းမှု ထိခိုက်ခဲ့သဖြင့် ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပရခြင်းဖြစ်သည်။

နိုင်ငံသူ နိုင်ငံသားများအနေဖြင့် အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်နှင့် ငြိမ်းချမ်းစွာဆွေးနွေးဆောင်ရွက်သည့် ရွေးကောက်ပွဲလမ်းစဉ် မည်သည့်လမ်းစဉ်ကို နှစ်သက်ပါသနည်းဟု မေးခွန်းထုတ်မည်ဆိုလျှင် အေးချမ်းစွာနေထိုင်လိုကြသော ပြည်သူများအနေဖြင့် ရွေးကောက်ပွဲလမ်းစဉ်ကိုသာ ရွေးချယ်ကြမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ခံယူချက်၊ ယုံကြည်ချက်မည်သို့ပင်ရှိသည်ဖြစ်စေ အေးချမ်းသောအရိပ်အာဝါသအောက်တွင် နေထိုင်လုပ်ကိုင် စားသောက်လိုသူများချည်းပင်ဖြစ်၍ ရွေးကောက်ပွဲအောင်မြင်ထမြောက်အောင် ပါဝင်ဆောင်ရွက်သင့်ပေသည်။

နိုင်ငံသူ နိုင်ငံသားများအနေဖြင့် အသက်အရွယ်အပိုင်းအခြားအလိုက် ရွေးကောက်ပွဲအတွေ့အကြုံများ အနည်းနှင့်အများရှိခဲ့ကြပြီးဖြစ်သည်။ ရွေးကောက် ပွဲမျှော်လင့်ချက်နှင့် အကျိုးရလဒ်များကို သိရှိနားလည်ခဲ့ကြပြီးဖြစ်သည်။ ယခုအခါ နိုင်ငံတွင်ကြုံတွေ့ခဲ့သော နိုင်ငံရေးအတွေ့အကြုံများအရ နိုင်ငံ၏အနာဂတ်ကို အကောင်းဆုံး ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ရွေးကောက်ပွဲမှတစ်ပါး အခြားမရှိသည်ကို အားလုံးကသိရှိနားလည်ထားပြီးဖြစ်သည်။ ဆန္ဒမဲပေးရာတွင် ဒေသကောင်းကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးအမြင်၊ တရားဥပဒေစိုးမိုးရေးအမြင်ရှိသူများ ဖြစ်သင့်သည့်အပြင် အကျင့်စာရိတ္တကောင်းမွန်ပြီး ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းသူ၊ အဖွဲ့အစည်းကို ဦးဆောင်ဦးရွက်ပြုနိုင်သူသည် အရေးအကြီးဆုံးဖြစ်ပေသည်။

သို့ဖြစ်ရာ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အပိုင်းက လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးထားပြီးဖြစ်ရာ အရေးကြီးသည့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ပြည်သူများအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ကြပြီး မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူအားလုံးအနေဖြင့် ပါဝင်မဲပေးကြခြင်းဖြင့် အနာဂတ်နိုင်ငံသစ်ကို ဝိုင်းဝန်းတည်ဆောက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။