အမျိုးသမီးကို တရုတ်ဇနီးမယားအဖြစ် ပေါင်းသင်းခဲ့သော တရုတ်နိုင်ငံသားနှင့် ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူတို့ကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

အမျိုးသမီးကို တရုတ်ဇနီးမယားအဖြစ် ပေါင်းသင်းခဲ့သော တရုတ်နိုင်ငံသားနှင့် ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူတို့ကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်


Ministry of Information/ Naypyitaw / March 23, 2026
image_latest


နေပြည်တော် မတ် ၂၂

အမျိုးသမီးကို တရုတ်ဇနီးမယားအဖြစ် ပေါင်းသင်းခဲ့သော တရုတ်နိုင်ငံသားနှင့် ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူတို့ကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကုက္ကိုတန်းကျေးရွာအုပ်စုနေ အမျိုးသမီးတစ်ဦးကို တစ်ရွာတည်းနေ တရုတ်နိုင်ငံမှ ခေတ္တပြန်လာသူ မသဲသဲဦးက တရုတ်ယောကျ်ားနှင့် ပေါင်းသင်းနေထိုင်ပါက ယွမ် ၈၀၀၀၀ ရမည်၊ ကောင်းမွန်စွာ နေထိုင်စားသောက် ဝတ်ဆင်ရမည်ဟု စည်းရုံးပြောဆိုပြီး Wechat အကောင့်ဖွင့်ပေး၍ တရုတ်နိုင်ငံသို့ ပြန်သွားခဲ့ကြောင်း၊ တစ်လခန့်အကြာ Wechat မှတစ်ဆင့် ဆက်သွယ်လာခဲ့ပြီး အမျိုးသမီးနှင့် ပေါင်းသင်းနေထိုင်ရမည့် တရုတ်အမျိုးသားကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်လာမည်ဖြစ်၍ မန္တလေးလေဆိပ်တွင် လာရောက်စောင့်ကြိုရန် ပြောကြားသဖြင့် သွားရောက်စောင့်ကြိုခဲ့ရာ မသဲသဲဦးနှင့်အတူ တရုတ်နိုင်ငံသား လင်းဟုန်း (LIN HONG) ကို တွေ့ရှိခဲ့ရသည်။

ထို့နောက် တရုတ်နိုင်ငံသား လင်းဟုန်း (LIN HONG) နှင့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် နှစ်ရက်ခန့်ပေါင်းသင်းနေထိုင်ပြီးနောက် ရွာရှိနေအိမ်သို့ပြန်လာ၍ ပေါင်းသင်းနေထိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းနေထိုင်ခအဖြစ် မသဲသဲဦးက အမျိုးသမီးကို ငွေကျပ် သိန်း ၁၂၀ ပေးခဲ့ပြီး ၎င်းမှ ယွမ် ၂၀၀၀ ရယူခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (မိတ္ထီလာ) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ သာစည်မြို့မရဲစခန်း (ပ) ၃၁/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး မတ် ၁၉ ရက်တွင် မိတ္ထီလာခရိုင်တရားရုံးမှ တရားခံ တရုတ်နိုင်ငံသား လင်းဟုန်း (LIN HONG) နှင့် မသဲသဲဦးတို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ မိန်းကလေးတစ်ဦးသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် မိခင်ဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး မန္တလေးမြို့ရှိ “မေ” တည်းခိုခန်းတွင် တည်းခိုနေထိုင်စဉ် လူမှုကွန်ရက် Telegram (အမည်မမှတ်မိ) အကောင့်ပိုင်ရှင် မယမင်းထွေးက တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ်သိန်း ၁၀၀ ရရှိမည်၊ လမ်းစရိတ်ကုန်ကျခံ၍ ခေါ်ပေးမည်ဟု ရေးသားထားသည်ကို တွေ့ရှိရသဖြင့်ဆက်သွယ်ရာ တည်းခိုခန်းသို့ မယမင်းထွေး စေလွှတ်လိုက်သည့် မူဆယ်မြို့ ဟိုနားရပ်ကွက်နေ မောင်ရဲမာန်အောင် (ခ) ရဲမာန်က လာရောက်ခေါ်ဆောင်ပြီး ဆေးစစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ အဝတ်အစားများဝယ်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံသို့ပို့ဆောင်ရန် မန္တလေးမှလားရှိုးသို့ ခေါ်ဆောင်လာစဉ် ပြင်ဦးလွင် မြို့အထွက် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိသဖြင့် အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ပြင်ဦးလွင်မြို့နယ် ပိတ်ချင်းမြောင်နယ်မြေ ရဲစခန်း (ပ) ၆၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ပို့ခဲ့ပြီး မတ် ၁၉ ရက်တွင် ပြင်ဦးလွင်ခရိုင် တရားရုံးမှ တရားခံ ရဲမာန်အောင် (ခ) ရဲမာန်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန်နှင့် တိမ်းရှောင်တရားခံ မယမင်းထွေးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ကျင့် ၅၁၂ အရ ကျင့် ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 05, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း