အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းစေကာ ရရှိသောငွေကြေးအကျိုးအမြတ်အား ခေါင်းပုံဖြတ်ရယူရန် ဆောင်ရွက်ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်

အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းစေကာ ရရှိသောငွေကြေးအကျိုးအမြတ်အား ခေါင်းပုံဖြတ်ရယူရန် ဆောင်ရွက်ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်


Ministry of Information/ Naypyitaw / December 27, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၆

အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်းစေကာ ရရှိသော ငွေကြေးအကျိုးအမြတ်ကို ခေါင်းပုံဖြတ်ရယူရန် ဆောင်ရွက်ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် မျှော့တော‌ကျေးရွာနေ မ---(၁၉)နှစ်အား ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး(၂၁) မိုးကြိုးရွာမကြီးနေ မနှင်းနွယ်ဦးနှင့် မနှင်းနှင်းရွှေတို့က ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး(၂၁) လေးအိမ်စုကျေးရွာနေ မမာမာဝင်း(တရုတ်နိုင်ငံသို့ ရောက်ရှိနေသူ)နှင့် ချိတ်ဆက်ကာ လောက်ကိုင်မြို့ရှိ အကင်ဆိုင်တွင် အလုပ်လုပ်ရန် မမာမာဝင်း၏ ခင်ပွန်း ကိုပြည့်ဖြိုးအောင်(လိပ်စာတူ)မှတစ်ဆင့် ပို့ဆောင်ခဲ့သည်။

ယင်းနောက် လောက်ကိုင်မြို့ရှိ အမည်မသိ ရခိုင်အမျိုးသမီး နေထိုင်သည့် အဆောင်သို့ ရောက်ရှိခဲ့ပြီး ၎င်းအားတရုတ်အမျိုးသားနှင့် လက်ထပ်ရမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် မယူလိုကြောင်း ငြင်းဆန်ခဲ့ရာ မူဆယ်မြို့ရှိ ကိုအေးကျော်ဌေး (ခ)ဗူးသီးထံ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း၊ ကိုအေးကျော်ဌေး(ခ)ဗူးသီးက တရုတ်နိုင်ငံ ရွှေလီမြို့ရှိ တရုတ်အမျိုးသားတစ်ဦးထံပို့ပေးမည်၊ တရုတ်ယောက်ျားယူပါက ယွမ် ၁၀၀၀ ပေးမည်ဟု ပြောဆိုသဖြင့် တရုတ်ယောကျ်ားမယူလို၍ ထွက်ပြေးခဲ့ပြီး အမည်မသိတည်းခိုခန်း၌ တည်းခိုနေစဉ် သူငယ်ချင်းဖြစ်သူ၏ အကူအညီဖြင့် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ်(၁၁) လူကုန် ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၂၁၈/ ၂၀၁၅ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ပြင်လွင်ဦးမြို့ ခရိုင်တရားရုံးက မနှင်းနွယ်ဦး၊ မနှင်းနှင်းရွှေနှင့် ကိုပြည့်ဖြိုးအောင်တို့သုံးဦးအား အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မမာမာဝင်းနှင့် ကိုအေး‌ကျော်ဌေးတို့ နှစ်ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ ထုတ်ဆင့်အတည်ပြုကာ အမည်မသိ ရခိုင်အမျိုးသမီးမှာ နေရပ်လိပ်စာစုံစမ်းမရသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၇/၈၈ အတည်ပြုဆောင်ရွက်နိုင် ခြင်းမရှိခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် နေ မ---(၂၂)နှစ်ကို မူဆယ်-မန္တလေး ခရီးသည်တင်ယာဉ်ပေါ်၌ ခင်မင်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် သင်တောကျေးရွာနေ မစံပယ်ထူး(ခ)မီးမီးက တရုတ်နိုင်ငံတွင် အလုပ်လုပ်ပါက ငါးလလျှင် ငွေကျပ်သိန်း ၁၀၀ ရရှိမည်၊ လစဉ်ငွေကျပ် သိန်း ၅၀ ရရှိမည်ဟု ပြောဆိုစည်းရုံးကာ ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် လွယ်ဝေါကျေးရွာအုပ်စု ကန်မိန်း‌ကျေးရွာနေ မအေးမတ်၊ မအေးညွန့်(လိပ်စာတူ)နှင့် တရုတ်နိုင်ငံဖူကျန့်ပြည်နယ် ယုံတိမြို့နယ် လုံရန်မြို့ ဟောရှင်းအုပ်စုလီရှင်းကျေးရွာနေ နိုင်ငံကူးလက်မှတ်အမှတ် EX 9981800 ကိုင်ဆောင်သူ တရုတ် နိုင်ငံသား ကျိုးဝေချန့်တို့နှင့် မန္တလေးမြို့ နေအိမ်တစ်ခု၌ တွေ့ဆုံပေးခဲ့သည်။

ထို့နောက် ၎င်းတို့လေးဦးက ကြိုတင် ငွေများထုတ်ပေးခြင်း၊ တရုတ်ဇနီးမယားအဖြစ် တရုတ်နိုင်ငံသို့ သွား‌ရောက်ရန်အတွက် မြဝတီမြို့သို့ သွားရောက်၍ ပတ်စ်ပို့ ပြုလုပ်စေခြင်း၊ တရုတ်ယောက်ျား မယူပါက ယွမ် ၁၅၀၀၀ ပေးလျော်ရမည်ဟု ခြိမ်းခြောက်ပြောဆို ရိုက်နှက်ခြင်း၊ အမည်မသိတရုတ်အမျိုးသားများနှင့် ပေါင်းသင်းနေထိုင်စေခြင်းများ စိစစ်ပေါ်‌ပေါက်သဖြင့် အမှတ်(၁၁) လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ တရားလိုပြုလုပ်တိုင်တန်း ခဲ့ရာ ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)နယ်မြေရဲစခန်း(ပ)၄၄/၂၀၁၅ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင် ခဲ့ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် မဟာအောင်မြေခရိုင် တရားရုံးက မစံပယ်ထူး(ခ)မီးမီး၊ မအေးမတ်နှင့် မအေးညွန့်တို့သုံးဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ စီ ကျခံစေရန်နှင့် တရုတ်နိုင်ငံသားကျိုးဝေချန့်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။