အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး လွိုင်ကော်မြို့ အဆင့်မြင့်သီရိမင်္ဂလာဈေးသစ်ဖွင့်ပွဲနှင့် တိုင်းရင်းသားရိုးရာအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး လွိုင်ကော်မြို့ အဆင့်မြင့်သီရိမင်္ဂလာဈေးသစ်ဖွင့်ပွဲနှင့် တိုင်းရင်းသားရိုးရာအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်


Ministry of Information/ Naypyitaw / January 15, 2026
image_latest


လွိုင်ကော် ဇန်နဝါရီ ၁၄

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင်ကျရောက်မည့် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့တက်ရောက်ရန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးသည် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိသူများ၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် လွိုင်ကော်လေဆိပ်သို့ရောက်ရှိကြရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကယားတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များက နွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့် အဖွဲ့ဝင်များသည် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းသို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထား၍ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် သီရိမင်္ဂလာတောင်တော်(တောင်ကွဲစေတီမြတ်) အား သွားရောက်ဖူးမြော်ကြပြီး ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ကာ အလှူငွေများ လှူဒါန်းကြသည်။

မွန်းလွဲပိုင်းတွင် အမှုဆောင်ချုပ်နှင့် အဖွဲ့ဝင်များသည် အဆင့်မြင့် သီရိမင်္ဂလာဈေးသစ်ဖွင့်ပွဲသို့ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ဆက်လက်၍ အဆင့်မြင့်သီရိ မင်္ဂလာဈေးသစ်ကြီးအား ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဦးဉာဏ်ထွန်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဇော်မင်းလတ်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် စောဒန်နီယယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် အမှုဆောင်ချုပ်က အဆင့်မြင့် သီရိမင်္ဂလာဈေးသစ်ကြီး ဖွင့်ပွဲမုခ်ဦးအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် သီရိမင်္ဂလာဈေးသစ်ကြီး သီရိမင်္ဂလာခန်းမ၌ အမှုဆောင်ချုပ်က နိုင်ငံတော်အကြီးအကဲ၏မူဝါဒအရ ပျက်စီးမှုများကို မူလထက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကြသည့်အတွက် လွိုင်ကော်မြို့ကို မြို့သစ်တစ်ခုကဲ့သို့ မြင်တွေ့ခွင့်ရပါကြောင်း၊ ယခုကဲ့သို့ ကြိုးစားဆောင်ရွက်ပေးခဲ့ကြသည့်အတွက် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်နယ်တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးနှင့်ပတ်သက်၍ အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ထို့အတူ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရ၊ ပြည်သူ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း၊ လွိုင်ကော်မြို့သည် ရေခံ၊ မြေခံ ကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်သည့်အတွက် အားလုံးပူးပေါင်းပါဝင်၍ တိုးတက်အောင် လုပ်ဆောင်မည်ဆိုလျှင် ယခုထက် အဆမတန် တိုးတက်ကောင်းမွန်သည့် မြို့တစ်မြို့ဖြစ် လာမည်ဖြစ်ပါကြောင်း ပြောကြားပြီး သီရိမင်္ဂလာဈေးသစ်ကြီးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

ဆက်လက်၍ ခုတင်(၅၀၀)ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြီး ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံရာ ဆေးရုံအုပ်ကြီးက ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံ ကြီး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး အကြမ်းဖက်သောင်းကျန်းသူများကြောင့် ပျက်စီးသွားခဲ့သည့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး အဆောက်အအုံများ ပြန်လည် ပြုပြင်ပြီးစီးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု မှတ်တမ်းဗီဒီယိုကို ပြသသည်။

ထို့နောက် အမှုဆောင်ချုပ်က ပြည်သူ့ဆေးရုံကြီး ဆေးပဒေသာပင်အတွက် ရန်ပုံငွေကျပ်သိန်း ၅၀ ပေးအပ်ရာ ဆေးရုံအုပ်ကြီးက လက်ခံရယူသည်။

ယင်းနောက် အမှုဆောင်ချုပ်နှင့်အဖွဲ့သည် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများအား ကြည့်ရှုအားပေးပြီး လူနာများအတွက် အာဟာရဖြည့်စွက်စာနှင့် ထောက်ပံ့ငွေများပေးအပ်ကာ ရောဂါရှာဖွေရေးဌာနနှင့် ကွန်ပျူတာဓာတ်မှန်ဌာနများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ လွိုင်ကော်နှစ်ခြင်း ဘုရားရှိခိုးကျောင်းသို့သွားရောက်ပြီး လွိုင်ကော်မြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော်(၆) အသင်းမှ ဆရာတော်များနှင့်တွေ့ဆုံ၍ ဆန်၊ ဆီနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ရာ လွိုင်ကော် နှစ်ခြင်းအသင်းတော်မှ ဒေါက်တာ ခွန်ထွန်းလင်းနှင့် သီရိဒေါနှစ်ခြင်းအသင်းတော်မှ ဆရာတော် ခူးရယ်ကျော်ထူးတို့က လက်ခံရယူကြကာ ကျေးဇူးတော်ချီးမွမ်းခြင်းကို ခံယူကြသည်။

ထို့နောက် အမှုဆောင်ချုပ်နှင့် အဖွဲ့ဝင်များသည် (၇၄)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားကိုတက်ရောက်၍ ဆုရရှိသူများအားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။