အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး လွိုင်ကော်မြို့မှ မြို့မိမြို့ဖ ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေး

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး လွိုင်ကော်မြို့မှ မြို့မိမြို့ဖ ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေး


Ministry of Information/ Naypyitaw / January 17, 2026
image_latest


လွိုင်ကော် ဇန်နဝါရီ ၁၆

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်ဦးအောင်လင်းဒွေးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ရိပ်သာဧည့်ခန်းမဆောင်၌ လွိုင်ကော်မြို့မှ မြို့မိမြို့ဖရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထို့နောက် အမှုဆောင်ချုပ်နှင့်အဖွဲ့ဝင်များသည် နောင်ယား(က) ရပ်ကွက်ရှိ ဟင်းသီးဟင်းရွက် စံပြစိုက်ခင်းကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြည်နယ်အတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာစေရန်၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များကို တောင်သူများသိမြင်လိုက်နာ ဆောင်ရွက်လာစေရန်၊ စနစ်တကျ ရေအသုံးချမှုကို လက်ခံကျင့်သုံးလာစေရန်နှင့် တောင်သူများအား မျိုးပွားနည်း၊ ကိုင်းကူးကိုင်းဆက် နည်းပညာပေးရန်စသည့် ရည်ရွယ်ချက်များနှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုရှင်းလင်းတင်ပြသည်။

ယင်းနောက် အမှုဆောင်ချုပ်နှင့် အဖွဲ့ဝင်များသည် ဟင်းသီးဟင်းရွက် စံပြစိုက်ခင်းအတွင်း ရှင်သန်ဖြစ်ထွန်းလျက်ရှိသည့် နှစ်ရှည်သီးနှံပင်များနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများကို လိုက်လံကြည့်ရှုကြသည်။

တက်ရောက်

ဆက်လက်၍ အမှုဆောင်ချုပ်နှင့်အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ခန်းမ၌ ကျင်းပသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တာဝန်ရှိသူများ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် အမှုဆောင်ချုပ်က ကယားပြည်နယ်သည် ဖွံ့ဖြိုးမှုအခြေခံကောင်းများစွာကို ပိုင်ဆိုင်ထားသည့် ပြည်နယ်တစ်ခု ဖြစ်ပါကြောင်း၊ လူသိများထင်ရှားသော ဘုရားစေတီများ၊ စိုက်ပျိုးရေးမွေးမြူရေးကောင်းစွာဆောင် ရွက်နိုင်သောလယ်ယာမြေများ၊ လှပသာယာသည့် ရေမြေတောတောင်များ၊ ရင်းနှီးနှစ်လိုဖွယ်ကောင်းသည့် တိုင်းရင်းသားရိုးရာဓလေ့များကို ပိုင်ဆိုင်ထားပါကြောင်း။

လွိုင်ကော်မြို့သည် အကြမ်းဖက်သောင်းကျန်းသူများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ အားလုံးစုပေါင်း ပါဝင်ဆောင်ရွက်မှုကြောင့် သာယာလှပအေးချမ်းသည့် မြို့အဖြစ်ပြန်လည်တွေ့မြင်နေရပြီ ဖြစ်ပါကြောင်း၊ ဆက်လက်၍ လွိုင်ကော်မြို့အပါအဝင် ပြည်နယ်တစ်ခုလုံး စဉ်ဆက်မပြတ် အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးကို လုံခြုံမှုရှိနေမှသာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင်များအနေဖြင့် တာဝန်ကို ဆတက်ထမ်းပိုးကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထောက်ပံ့ပေးအပ်

ထို့နောက် အမှုဆောင်ချုပ်က နိုင်ငံတော်ကာကွယ်ရေးနှင့် လုခြုံရေး တာဝန်ထမ်းဆောင်လျက် ရှိသော တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများကို ချီးမြှင့်ထောက်ပံ့ပေးအပ်သည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့ညပိုင်းက ပြည်နယ်အားကစားကွင်း၌ ကျင်းပသည့် (၇၄)နှစ်မြောက်ကယားပြည်နယ်နေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုကြပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Posted on Jan 17, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Posted on Jan 16, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Posted on Jan 15, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 14, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Posted on Jan 13, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Posted on Jan 12, 2026