အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (NAQAC) ဒုတိယအကြိမ် အစည်းအဝေးကျင်းပ
အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (NAQAC) ဒုတိယအကြိမ် အစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / November 01, 2024
နေပြည်တော် အောက်တိုဘာ ၃၁
အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ကော်မတီ (NAQAC) ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က AUN-QA Guidelines စာအုပ်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် Opera-tional Level အထိ အဆင့်လိုက်ပါဝင်အောင် ပြုစုနေပြီဖြစ်ကြောင်း၊ ဒီဇင်ဘာလအတွင်း ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်များအားလုံးသို့ ထုတ်ဝေဖြန့်ချိစေလိုကြောင်း၊ NAQAC First Engagement Forum ကို နေပြည်တော်တွင် ကျင်းပသည့်အခါ ထိရောက်စွာ ဆွေးနွေးပြောဆိုနိုင်သည့် အစီအစဉ်များပါဝင်စေရန် အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ရလဒ်အခြေပြုအချက်အလက်များ (Evidence-based Data) ကောက်ယူကာ ရလဒ်အခြေပြုဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် NAQAC က ဦးဆောင်ရန် တာဝန်ရှိကြောင်း၊ ပြုစုထားသောပုဂ္ဂလိကကျောင်းများ ဆန်းစစ်အကဲဖြတ်လွှာပုံစံကို ဆွေးနွေးအကြံပြုစေလိုကြောင်း ပြောကြားပြီး အစည်းအဝေးသို့တက်ရောက်လာကြသူများက အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှုအကဲဖြတ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးအတည်ပြုကြသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ အရည်အသွေးအာမခံမှု လုပ်ငန်း အကောင်အထည်ဖော်မှု ကျွမ်းကျင်သူဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 30, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၂၉ ရက်၊ အင်္ဂါနေ့။
Posted on Oct 29, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။
Posted on Oct 28, 2024
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 27, 2024
အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၄) သင်တန်းဝင်ညွှန်ကြားလွှာ
Posted on Oct 31, 2024အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၄) သင်တန်းဝင်ညွှန်ကြားလွှာ
အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဝင်ညွှန်ကြားလွှာ
Posted on Oct 31, 2024အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဝင်ညွှန်ကြားလွှာ
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင်ဖွင့်လှစ်မည့်အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်(၁၃) နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) တွင်ဖွင့်လှစ်မည့် အရာထမ်းလောင်း...
Posted on Oct 31, 2024နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင်ဖွင့်လှစ်မည့်အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်(၁၃) နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) တွင်ဖွင့်လှစ်မည့် အရာထမ်းလောင်း (အထူး)သင်တန်းအမှတ်စဉ်( ၁၄ )တို့သို့ တက်ရောက်ရန်ကိစ္