အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး အသေးစိတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး အသေးစိတ်ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / July 03, 2024
image_latest


နေပြည်တော် ဇူလိုင် ၂

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာနရုံးအမှတ် (၄) ၌ကျင်းပသည့် အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲရလဒ်များအရ အသေးစိတ်ညှိနှိုင်း အစည်းအဝေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားအစားအသောက်ဥပဒေပါ ရည်ရွယ်ချက်များဖြစ်သည့် အရည်အသွေး စစ်မှန်ကောင်းမွန်၍ ဘေးဥပဒ်ကင်းရှင်းသည့် အစားအသောက်များအား အများပြည်သူစားသုံးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရကြောင်း၊ အစားအသောက်ကုန်ကြမ်းအဆင့်မှသည် စားသုံးသည်အထိ အစားအသောက်ကွင်းဆက်တစ်လျှောက်ရှိ နှီးနွှယ်ဌာနဆိုင်ရာအသီးသီးအနေဖြင့် မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာကိစ္စရပ်များကို ပိုမိုအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီကဖွင့်လှစ်ခဲ့သည့် Myanmar National Center for Disease Control and Medical Training Center တွင်လည်း ကူးစက်ရောဂါများသာမက အစားအသောက်ဓာတ်ခွဲ စစ်ဆေးမှုများကို ယခင်ထက်ပိုမို လုပ်ဆောင်သွား နိုင်တော့မည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် ကလေးသူငယ်များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော၊ သန့်ရှင်းသော၊ အာဟာရပြည့်ဝသော အစားအသောက်များကို ရရှိစားသုံးစေနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ School Meal Program ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

ကဏ္ဍ (၆) ခုကို အသေးစိတ်ညှိနှိုင်းဆွေးနွေး

ယခုအစည်းအဝေးတွင် နယ်စပ်မှ တရားမဝင်အစားအသောက်တင်သွင်းမှုထိန်းချုပ်ခြင်း လုပ်ငန်းစဉ်များ၊ တက္ကသိုလ်စားသောက်ဆိုင်များနှင့် Cate-ring Service လုပ်ငန်းစဉ်များ၊ အဝေးပြေးလမ်းမတစ်လျှောက်နှင့် ကားရပ်နားစခန်းများရှိ စားသောက်ဆိုင်များ၊ ဟိုတယ်၊ မိုတယ်များရှိ စားသောက်ဆိုင်များ၏ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်များ၊ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် တောရိုင်းတိရိစ္ဆာန်များ၊ အင်းဆက်များ၊ ပိုးကောင်များ၏ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များ၊ အစားအသောက်စံချိန် စံညွှန်းများ ရေးဆွဲထုတ်ပြန်ခြင်း လုပ်ငန်းစဉ်များအစရှိသည့် ကဏ္ဍ (၆) ခုကို အသေးစိတ်ညှိနှိုင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ သို့မှသာ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို ပြည်သူများ စားသုံးနိုင်မည်ဖြစ်သည့်အတွက် အစားအသောက် ကွင်းဆက်တစ်လျှောက် တာဝန်ယူဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အများပြည်သူနေ့စဉ် စားသုံးနေသည့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်၊ ဌာန၊ အဖွဲ့အစည်းတစ်ခုတည်းအနေဖြင့် ဆောင်ရွက်၍မရသည့်အတွက် အစားအသောက် စတင်ထုတ်လုပ်ရာမှ စားသုံးသည်အထိ အစားအသောက်ကွင်းဆက် တစ်လျှောက်လုံးနှင့် သက်ဆိုင်သည့် ဌာနအားလုံးသာမက အစားအသောက်ထုတ်လုပ်သူများ၊ သိုလှောင်သူများ၊ ဖြန့်ဖြူးရောင်းချသူများ၊ စားသုံးသူများ၊ နည်းပညာဆိုင်ရာပညာရှင်များ၊ အသင်းအဖွဲ့များ အားလုံးက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဟန်ချက်ညီညီ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးမူဝါဒပါ တာဝန်အခန်းကဏ္ဍနှင့် ဝတ္တရားများကို တိတိကျကျ အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်မည်ဖြစ်သည့်အတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြစေလိုကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ဆက်လက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်က အလုပ်ရုံဆွေးနွေးပွဲရလဒ်များနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး (အစားအသောက်) ဒေါက်တာပြည့်ဖြိုးက အလုပ်ရုံဆွေးနွေးပွဲရလဒ်များအရ ထပ်မံဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် နှီးနွှယ်ဌာနအသီးသီးမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပြီး အဆိုပါဆွေးနွေးချက်များအပေါ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အတည်ပြုခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ နှီးနွှယ်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက် ၊ ဇူလိုင် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 02, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇူလိုင် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jul 01, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇူလိုင် ၁ ရက်၊ တနင်္လာနေ့။


Posted on Jul 01, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇူလိုင် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 30, 2024

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၂၉ ရက်၊ စနေနေ့။


Posted on Jun 29, 2024