အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်းလုပ်ငန်းများ အလုံးစုံပြီးစီးရေးဆွေးနွေး
အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်းလုပ်ငန်းများ အလုံးစုံပြီးစီးရေးဆွေးနွေး
Ministry of Information/ Naypyitaw / December 03, 2025
နေပြည်တော် ဒီဇင်ဘာ ၂
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဖွဲ့အစည်း Rostec ၏ ကိုယ်စားလှယ် Mr. Pavel E. Saplin နှင့် Tyazhpromexport (TPE) Co., Ltd. မှ Chief Engineer Mr. Aleksandr Senin တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် အမှတ်(၂)သံမဏိ စက်ရုံ(ပင်းပက်)ရှိ လေသန့်စင် အလုပ်ရုံလည်ပတ်နိုင်ရေးအတွက် TPE Co., Ltd. မှ အင်ဂျင်နီယာ ပညာရှင်များ လာရောက်၍ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ လေသန့်စင်အလုပ်ရုံရှိ ကွန်ပရက်ဆာများ စမ်းသပ်လည်ပတ်ခဲ့မှု၊ လေသန့်စင်အလုပ်ရုံတွင် ပိုက်လိုင်းများသန့်ရှင်းရေး ပြုလုပ်ရန်အတွက်လိုအပ်သော ဓာတုပစ္စည်းများနှင့် ရေငွေ့စုပ်ယူဖယ်ထုတ်ပစ္စည်း (Molecular Sieve) များ အချိန်မီရောက်ရှိရေး၊ လေသန့်စင်အလုပ်ရုံ တစ်ခုလုံးအား သတ်မှတ်အချိန်အတွင်း စမ်းသပ်လည်ပတ်မောင်းနှင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ လေသန့်စင်အလုပ်ရုံမှ ဆေးဝါးသုံးအောက်ဆီဂျင်များ ထုတ်လုပ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သိပ္ပံနှင့်နည်းပညာတက္ကသိုလ် (National University of Science and Technology – MISiS) နှင့် Stalproekt Co., Ltd. တို့မှ ပါမောက္ခ၊ ပညာရှင်များလာရောက်၍ ရိုးမတ်နည်းပညာအသုံးပြုသံရည်ကျိုအလုပ်ရုံ လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်မည့်အခြေအနေ၊ အမှတ်(၂)သံမဏိ စက်ရုံ(ပင်းပက်)စီမံကိန်း လုပ်ငန်းများ အလုံးစုံပြီးစီးရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ငွေကြေးအကူအညီ အထောက်အပံ့ရရှိရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ စီမံကိန်းကြီးကြပ်မှု ကော်မတီအဖွဲ့များဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
