အမှန်တရားနှင့် ဝေးကွာ အနက်အဓိပ္ပာယ် ကင်းမဲ့

အမှန်တရားနှင့် ဝေးကွာ အနက်အဓိပ္ပာယ် ကင်းမဲ့


Ministry of Information/ Naypyitaw / November 27, 2025
image_latest


ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် “တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်း ကိုလည်းကောင်း၊ အခြားဘာသာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာ သာသနာနှင့်ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်” ရှိကြောင်း အတိအလင်းခွင့်ပြုထားသည်။

ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာ သာသနာများနှင့် နတ်ကိုးကွယ်မှုတို့ကို နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုထားပြီး နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာ၊ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်ဟုလည်း အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။ အဆိုပါ ပြဋ္ဌာန်းချက်များအရ ဘာသာရေးအကြောင်းပြချက်တစ်ခုခုဖြင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့ကို ထိပါး၍မရသလို တည်ဆဲဥပဒေများကို ဆန့်ကျင်ကျော်လွန်၍မရကြောင်းကိုလည်း မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးက နားလည်ကြသည်။

ပြည်တွင်း၌ ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်သူအများစုနှင့် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာ ကိုးကွယ်ယုံကြည်သူ လူနည်းစုများ အတူယှဉ်တွဲနေထိုင်မှုမှာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မတူကွဲပြားသည့် ယုံကြည်ကိုးကွယ်သူများအကြား ကြီးမားသည့် ပဋိပက္ခဟူ၍ ရှေးမြန်မာဘုရင်များလက်ထက်က မရှိခဲ့။ ကိုလိုနီနိုင်ငံဘဝသို့ကျရောက်ခဲ့ရချိန်တွင်မူ နယ်ချဲ့အစိုးရ၏ ပယောဂမကင်းဟု ယုံကြည်ကြသော ဘာသာရေးပဋိပက္ခဖြစ်ခဲ့ဖူး သည်။ နောက်ပိုင်းတွင်လည်း ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေလိုသည့်သဘောဖြင့် အဖျက်အမှောင့်သမားများ လှုံ့ဆော်ပြုလုပ်ကြသည့် လူမျိုးရေး၊ ဘာသာရေးဆန်ဆန် အဓိကရုဏ်း အချို့ရှိခဲ့သည်။

သို့ရာတွင် မြန်မာနိုင်ငံဖွား မြန်မာနိုင်ငံသားတို့မှာမူမည်သည့် ဘာသာတရားကို ယုံကြည်ကိုးကွယ်သည်ဖြစ်စေ အရေးကြုံသည့် အခါမြန်မာ့စိတ်ရင်းကိုပြသ၍ အပြန်အလှန်စာနာထောက်ထားမှု၊ ဖေးမကူညီမှုတို့ပြုကြပြီး စည်းလုံးညီညွတ်ကြသည်ကို မတ်လ ၂၈ ရက်ကလှုပ်ခဲ့သည့် မန္တလေးငလျင်ကြီးအပြီးတွင် ထင်ရှားစွာတွေ့မြင်ကြရသည်။ မည်သူကမှ တိုက်တွန်းနှိုးဆော်ခြင်းမပြုဘဲ မေတ္တာ၊ ကရုဏာအပြည့်ဖြင့် အပြန်အလှန်စောင့်ရှောက်ကူညီခဲ့ကြ ခြင်းဖြစ်သည်ကို မည်သူမျှငြင်းနိုင်ကြမည်မဟုတ်။ ဤသည်မှာ မြန်မာ့မြေပေါ်မှ ဘာသာရေးအခြေအနေဖြစ်သည်။

သို့ရာတွင် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာသည့် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူတို့က ဘုရား၊ စေတီ၊ ဘုန်းတော်ကြီးကျောင်းများအပါအဝင် ဘာသာရေးအဆောက် အအုံများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များတွင် ရည်ရွယ်ချက် ရှိရှိ ဝင်ရောက်နေရာယူ၊ ခံစစ်ဆင်၊ တိုက်ပွဲဖော်ကြသည်။ အဆိုပါ သာသနိက အဆောက်အအုံများ ထိခိုက်ပျက်စီးခြင်း၊ ၎င်းတို့အကာ အကွယ်ယူခဲ့သည့် အရပ်သားများ သေကျေဒဏ်ရာရခြင်းတို့ကို တပ်မတော်အပေါ် အပြစ်ပုံချပြီး ပြည်ပြေးမီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ခြင်းတို့ ပြုလုပ်ကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်တွင် Christian Solidarity World- wide (CSW) ခေါ် ခရစ်ယာန်ဘာသာရေးအဖွဲ့မှဥက္ကဋ္ဌ မစ္စတာ မာဗင်သောမတ်စ်ဆိုသူက နိုင်ငံတော်အစိုးရနှင့် မြန်မာ့တပ်မတော် အပေါ် အခြေအမြစ်မရှိ စွပ်စွဲမှုကို အကြမ်းဖက်အဖျက်သမားတို့၏ လေသံနှင့် တစ်ထပ်တည်းပြုလုပ်ခဲ့သည်။ မြန်မာ့တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် ဘုရားကျောင်း ၂၂၀ ကျော် ပျက်စီးပြီး ခရစ်ယာန်ဘုန်းတော်ကြီး ၈၀ ကျော် သေကျေပျက်စီးကြောင်း စွပ်စွဲပုတ်ခတ်မှုကို တရားလက်လွတ်ပြောကြားခဲ့ခြင်းဖြစ်ရာ အကြမ်းဖက်အဖျက်သမားအုပ်စုများနှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေဟန်ပင်ဖြစ်သည်။

CSW ၏ ဥက္ကဋ္ဌဆိုသူ မစ္စတာမာဗင်သောမတ်စ်အနေဖြင့် လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များ၏ ပကတိ အခြေအနေနှင့် အကြမ်းဖက်သမားများ လက်ချက်ကြောင့် အသက်ဆုံးရှုံးရသည့် ဗုဒ္ဓဘာသာသံဃာတော်များ၊ သီလရှင်များ၊ အပြစ်မဲ့အရပ်သူ အရပ်သားများ၊ ကျောင်းဆရာ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် စပ်လျဉ်း၍ အမှန်အတိုင်း သိနားလည်ပုံမရ။ အကြမ်းဖက် သမားများကပေးသည့် အချက်အလက်များ၊ အနောက်အုပ်စုမီဒီယာ များနှင့် ပြည်ပြေးမီဒီယာတို့၏ သတင်းတု၊ သတင်းမှားများက CSW ဥက္ကဋ္ဌကို သတင်းအဆိပ်သင့်စေခဲ့သည့်အလျောက် ၎င်း၏ပြောဆို မှုများမှာလည်း အမှန်တရားနှင့်ဝေးကွာနေပြီး အနက်အဓိပ္ပာယ် ကင်းမဲ့ခဲ့ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။