အမှားကိုမြင် အမှန်ပြင်

အမှားကိုမြင် အမှန်ပြင်


Ministry of Information/ Naypyitaw / May 20, 2026
image_latest


နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များ ဥပဒေဘောင်အတွင်းသို့ ထပ်မံ၍ဝင်ရောက်လာကြသည်။ ၎င်းတို့ အများစုမှာ မိသားစုဝင်ဆွေမျိုးများကို ခြိမ်းခြောက်အကျပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရသူများဖြစ်ပြီး ၎င်းတို့ကဲ့သို့ပင် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိကြသူများ အများအပြားကျန်ရှိနေသေးသည်ဟုလည်း သိရသည်။

PDF အမည်ခံအဖွဲ့များဆိုသည်မှာ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် မမှန်မကန်သွေးထိုးလှုံ့ဆော်မှုများမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ နောက်ပိုင်းကာလ ၎င်းတို့၏ အင်အားအတွက် ထပ်မံ၍ လူသစ်စုဆောင်းကြရာတွင် အကျပ်ကိုင်မှု၊ ခြိမ်းခြောက်မှုတို့ ပါလာသည်။ တစ်နယ်တစ်မင်း မင်းမူနေကြသည့် PDF တို့မှာ လက်နက်ကိုင်ဆူပူသောင်းကျန်းမှု အချိန်ကြာမြင့်လာသည်နှင့်အမျှ ဇာတိရုပ်နှင့် သရုပ်သကန်အမှန်တို့ ပေါ်ပေါက်လာသည်။ အဖွဲ့တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား နယ်မြေလုပွဲ၊ အားပြိုင်ပွဲများ ဖြစ်လာသလို အဖွဲ့အတွင်း၌လည်း အထက်နှင့်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းကြား ဗိုလ်ကျနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ ပြုလုပ်လာကြသည်။ အဖွဲ့အတွင်းရှိ မိန်းကလေးများ၏ ဘဝမလုံခြုံမှုများ၊ အဓမ္မကျူးလွန်ခံရမှုများ စသည်တို့မှာလည်း သတင်းများအဖြစ် ပွင့်အန်ထွက်ပေါ်လာသည်။

အချိန်ကြာမြင့်လာသည်နှင့်အမျှ စီးပွားရေးဆန်ဆန် ဥပဒေမဲ့ကိုယ်ကျိုးရှာသည့် လက်နက်ကိုင်အဖွဲ့များဖြစ်လာပြီး အပေါ်ပိုင်းမှ လူများကြီးပွားချမ်းသာလာကြသည်။ သို့ဖြစ်ရာ PDF ဆိုသည်မှာ ဒေသအခြေအနေကို လိုက်၍ သစ်၊ ရေနံ၊ ရွှေ၊ သတ္တု စသည့် သယံဇာတခိုးထုတ်ရောင်းချသူများ၊ မူးယစ်ဆေးဝါးမှောင်ခိုသယ်ဆောင်ရောင်းချသူများ၊ ဂိတ်ဖွင့်၍ ဆက်ကြေးကောက်ကြသူများဖြစ်လာသလို ဒေသတွင်းရှိ ပြည်သူလူထုအပေါ် အနိုင်ကျင့်သူများ၊ ဖိစီးနှိပ်စက်သူများဖြစ်လာသည်။ ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ထားသည့် လမ်းတံတားများ၊ ဓာတ်အားလိုင်းများ၊ ဆက်သွယ်ရေးတာဝါတိုင်များကို ဖျက်ဆီးသည့် အဖျက်သမားများ ဖြစ်လာသည်။

မိမိတို့နိုင်ငံမှာ ကြွယ်ဝချမ်းသာနိုင်သည့် ရေခံမြေခံကောင်းများ၊ အခွင့်အလမ်းကောင်းများရှိပါလျက်နှင့် အသုံးမချနိုင်ခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေရသည်။ ယင်းသို့ဖြစ်ရခြင်းတွင် ပြည်တွင်း၌ လက်နက်ကိုင်ပဋိပက္ခများရှိနေခြင်းနှင့် နိုင်ငံရေး တည်ငြိမ်မှုမရှိခြင်းတို့က အဓိကအကြောင်းရင်းများတွင် ပါဝင်နေသည်။ သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဦးစွာပြည်တွင်းတည်ငြိမ်အေးချမ်းမှုလိုသည်။ လက်နက်ကိုင်ပဋိပက္ခများမရှိဘဲ ငြိမ်းချမ်းဖို့လိုသည်။ ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အစိုးရ အဆက်ဆက်တို့က လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့ကြသော်လည်း အောင်မြင်မှုအပြည့်အဝမရခဲ့။ ပြည်တွင်း၌ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းလာသည်နှင့်အမျှ နိုင်ငံမှာလည်း တည်ငြိမ်အေးချမ်းခြင်းနှင့်အတူ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

ယခုလည်း နိုင်ငံတော်အစိုးရက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများကို ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိသည်။ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးလျက်ရှိရာ PDF အမည်ခံအဖွဲ့များအတွင်း ရောက်ရှိနေကြသည့် လူငယ်အမျိုးသား၊ အမျိုးသမီးများရာနှင့်ချီ၍ ဥပဒေဘောင်အတွင်း တဖွဲဖွဲ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ကြခြင်းအား နိုင်ငံတည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ပြည်သူများက နှစ်ထောင်းအားရ အားပေးကြသည်။

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို မေလ ၁၉ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်ကျင်းပခဲ့ရာ အမျိုးသား ၂၇၇ ဦးနှင့် အမျိုးသမီး ၃၅ ဦး စုစုပေါင်း ၃၁၂ ဦးတို့ မိဘရင်ခွင်သို့ ပြန်လည်ရောက်ရှိကြပြီဖြစ်သည်။ မေလ ၁၁ ရက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် DPLA ၊ TNLA ၊ PDF အဖွဲ့များမှ အမျိုးသား ၃၀၊ အမျိုးသမီး ၄၂ ဦး စုစုပေါင်း ၇၂ ဦးတို့သည်လည်းကောင်း၊ မေလ ၁၅ ရက်ကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် အမျိုးသား ၁၃၃ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၁၄၆ ဦးတို့သည်လည်းကောင်း၊ ထို့အရင် မတ်လ ၁၉ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စုစုပေါင်း ၅၀၆ ဦးတို့သည်လည်းကောင်း မှတ်မှတ်ရရ အများအပြား ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့ကြရာ နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သော လုပ်ရပ်များပင်ဖြစ်သည့်အလျောက် ကျန်ရှိနေသူများလည်း လက်နက်ကိုင်လမ်းစဉ်ကို အမြန်စွန့်လွှတ်ဝင်ရောက်ကြရေး နှိုးဆော်တိုက်တွန်းလိုက်ရပါကြောင်း။ ။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 20, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Posted on May 19, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Posted on May 17, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Posted on May 17, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Posted on May 16, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Posted on May 15, 2026
AnnouncementsExplore more >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက်...

Posted on May 19, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား...

Posted on Feb 28, 2026

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း

Posted on May 18, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း