အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခြင်း

အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခြင်း


Myanmar National Human Rights Commission/ Yangon / November 22, 2025


   အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်သည် အင်ဒိုနီးရှား နိုင်ငံ၊ ဂျကာတာမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပသော အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲသို့ ပါဝင် တက်ရောက်ခဲ့ပါသည်။ ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ‌ဒေါက်တာသန်းမြင့်နှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးဇေယျာလင်း လိုက်ပါခဲ့ပါသည်။

   ဖိုရမ်၏ ဆက်စပ်ဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် “ဒစ်ဂျစ်တယ် နယ်ပယ်နှင့် စပ်လျဉ်းသည့် လူ့အခွင့်အရေးဆိုင်ရာ ဒေသတွင်း ညီလာခံ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဆွေးနွေးပွဲသို့ ဖိုရမ်အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အ‌ရေး ကော်မရှင်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ကော်မရှင် အဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ စုစုပေါင်း (၅၀) ဦးခန့် ပါဝင် တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲ အကြောင်းအရာနှင့်စပ်လျဉ်း၍ ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က “ဉာဏ်ရည်တုနှင့် အချက်အလက် များ ကာကွယ်ရေး အပါအဝင် နည်းပညာကုမ္ပဏီများ၏ ဆောင်ရွက်ချက်များတွင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်အခြေခံမူများကို လက်တွေ့အသုံးချခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

   ဖိုရမ်၏ နှစ်ပတ်လည် အစည်းအဝေးကို နိုဝင်ဘာလ ၁၉-၂၀ ရက်နေ့တို့တွင် ကျင်းပရာ ဖိုရမ်အဖွဲ့ဝင်များဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေ နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်များမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၀) ဦး ပါဝင်တက်ရောက်ခဲ့ ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် ၏ ၂၀၂၅ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဥက္ကဋ္ဌဖြစ်သူ Ms. Anis Hidayah က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

   အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ဖိုရမ်၏ (၂၁) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး နောက်ပိုင်း ကာလအတွင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများ၊ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေး ကိစ္စရပ် (၅) ရပ် အကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်း၍ ဦးစားပေးကိစ္စရပ် တစ်ခုစီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရန် အဓိက တာဝန်ယူထားသော ဖိုရမ်အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ ဖိုရမ်၏ Rule of Procedures (RoP) ပြင်ဆင်ရေးနှင့် စပ်လျဉ်း သည့်ကိစ္စရပ်များ၊ ဖိုရမ်၏ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် မီဒီယာဆက်သွယ်ရေး လမ်းညွှန် ချက်များနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

   ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးတွင် ကော်မရှင် အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က ဖိုရမ်၏ (၂၁) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး နောက်ပိုင်းကာလအတွင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် တိုးတက်ဖြစ်ထွန်းမှုများကို ‌ဆွေးနွေးခဲ့ ပါသည်။ ထို့နောက် ဖိုရမ်၏ မဟာဗျူဟာ စီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ် အမှတ် (၂) ဖြစ်သည့် “စီးပွားရေးလုပ်ငန်းများတွင် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေး” ကိစ္စရပ်နှင့် စပ်လျဉ်း၍ ကော်မရှင်၏ အကောင်အထည်ဖော်‌ ဆောင်ရွက်နေမှုများကို ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးဇေယျာလင်းက ဆွေးနွေးခဲ့ပါသည်။

   ဖိုရမ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးအပြီးတွင် ၂၀၂၆ ခုနှစ်အတွက် ဖိုရမ်၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မလေးရှား နိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

   မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။