အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲပြုလုပ်
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲပြုလုပ်
Ministry of Information/ Naypyitaw / March 04, 2026
နေပြည်တော် မတ် ၃
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ဇေယျခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး သင်တန်းတက်ရောက်မည့် ကျောင်းသား ကျောင်းသူများအား စာရေးကိရိယာနှင့် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သင်တန်းသား သင်တန်းသူများအား သင်ကြားပို့ချနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ သင်တန်းများကို သင်တန်းသား သင်တန်းသူ ၁၉၀ ဖြင့် ယနေ့မှ မတ် ၂၀ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များတွင်လည်း အဆိုပါသင်တန်းများကို သင်တန်းသား သင်တန်းသူ ၂၁၁၀ ဖြင့် သင်တန်းကာလ နှစ်ပတ်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
