အလယ်အလတ်အဆင့်၊ အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁၀၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

အလယ်အလတ်အဆင့်၊ အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁၀၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / December 12, 2025


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်နှင့် ရန်ကုန်တို့တွင်ဖွင့်လှစ်သည့် အလယ်အလတ်အဆင့်၊ အဆင့်မြင့်စာရင်းကိုင် နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၁၀၃) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ : ၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦး က အမှာစကား ပြောကြားရာတွင် သင်တန်းသား/သူများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ပြည်သူ့ အကျိုးစီးပွားကိုဖော်ဆောင်ရာတွင် ထိရောက်မှုရှိစေရန်၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် စေရန်နှင့် အလုပ်တာဝန်များကို လုပ်ရည်ကိုင်ရည် ပြည့်ဝစွာဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်မှ လက်ရှိချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒများအကောင်အထည်ဖော်ရာတွင် အထောက် အကူပြုစေရန်နှင့် လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်ရန်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ခြင်းဖြင့် စာရင်းပညာ နားလည်တတ်ကျွမ်းပြီး စာရင်းပြုစုနည်းလမ်းများကို ကောင်းစွာတတ်မြောက်ခြင်းဖြင့် ပြည်သူ့ ဘဏ္ဍာငွေကြေးကိုင်တွယ်သုံးစွဲစီမံရာတွင် အမှားအယွင်းမရှိ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ခြင်း၊ ဝန်ထမ်းများ၏တာဝန်နှင့်ရပိုင်ခွင့်များကို ပိုမိုသိရှိ နားလည်ပြီး လိုက်နာကျင့်သုံးရမည့် ဝန်ထမ်းစည်းကမ်းများကိုသိရှိနိုင်ခြင်းတို့ကြောင့် လက်တွေ့ လုပ်ငန်းခွင်တွင်အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ မိမိတို့သိရှိထားသည့် အသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေပေးကြရန်၊ ဝန်ထမ်းများစောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ် များကိုလိုက်နာပြီး သင်ယူလေ့လာခဲ့သည့်ပညာရပ်များဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေးအတွက် ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသားများကိုယ်စား ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းသာ က သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနအဖွဲ့အစည်း(၃၁) ခုမှ အလယ်အလတ်အဆင့်သင်တန်း တွင် သင်တန်းသား (၂၅၃) ဦး၊ ဝန်ကြီးဌာနအဖွဲ့အစည်း (၂၈) ခုမှ အဆင့်မြင့်သင်တန်းတွင် သင်တန်းသား (၁၆၄) ဦး စုစုပေါင်း (၄၁၇) ဦး တက်ရောက်ခဲ့ကြပြီး အရည်အချင်းစစ်စာမေးပွဲ ကို အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့် ရန်ကုန်တို့တွင် ၁၆-၁၂-၂၀၂၅ ရက်နေ့မှ ၂၄-၁၂-၂၀၂၅ ရက်နေ့ထိ တစ်ပြိုင်တည်း ကျင်းပမည်ဖြစ်သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့်သင်တန်းသားများတက်ရောက်ကြပြီး ရန်ကုန်တိုင်း ဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက Online ဖြင့်တက်ရောက်ခဲ့ကြသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။