အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ်(၁၃)သင်တန်းဖွင့်
အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ်(၁၃)သင်တန်းဖွင့်
Ministry of Information/ Naypyitaw / June 03, 2025

ဇီးပင်ကြီး ဇွန် ၂
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၃)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ် နီလာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခဌာနမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်က သင်တန်းကရရှိမည့် အသိပညာ၊ အတတ်ပညာနှင့် အတွေ့အကြုံဗဟုသုတများကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အတွက် ကောင်းမွန်သော ဝန်ဆောင်မှုပေးရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတို့တွင် အထောက်အကူဖြစ်စေရေးအတွက် အကျိုးရှိစွာ အသုံးချနိုင်ရေး ကြိုးစားလေ့လာသင်ယူကြရန်နှင့် နိုင်ငံတော်၏ အဆင့်မြင့်တာဝန်များ၊ အရေးကြီးတာဝန်များကို ထမ်းဆောင်ရန် အလားအလာရှိသူများဖြစ်၍ ပညာဗဟုသုတပြည့်စုံပြီး စိတ်ဓာတ်မြင့်မားအမြော်အမြင်ရှိသည့် အရာထမ်းကောင်းများဖြစ်အောင် ပြုမူကျင့်ကြံနေထိုင်ကြရန် တိုက်တွန်းမှာကြားသည်။
အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ်(၁၃)သို့ သင်တန်းသား ၄၄ ဦး၊ သင်တန်းသူ ၄၈ ဦး စုစုပေါင်း ၉၂ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန် ၂ ရက်မှ အောက်တိုဘာ ၂၂ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။
ဆက်လက်၍ အဖွဲ့ဝင် ဦးဆန်းမြင့်သည် တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများ၏ စာသင်ဆောင်များတွင် သင်ခန်းစာပို့ချနေမှု၊ သင်တန်းအိပ်ဆောင်များ ခင်းကျင်းထားရှိမှု၊ စားသောက်ရေးဆောင်ရွက်ထားရှိမှု၊ မကြာမီဖွင့်လှစ်မည့် သင်တန်းများ၏ စာသင်ဆောင်များ ပြင်ဆင်ထားရှိမှုနှင် သင်တန်းအိပ်ဆောင်များ ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on Jun 4, 2025အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)
Posted on Jun 5, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)