အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေးနှင့် အရည်အသွေးမြင့် ပို့ကုန်အဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး ဆွေးနွေး

အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေးနှင့် အရည်အသွေးမြင့် ပို့ကုန်အဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး ဆွေးနွေး


Ministry of Information/ Naypyitaw / May 11, 2025
image_latest


နေပြည်တော် မေ ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ကွင်းကြီးကျေးရွာရှိ ဒေါက်တာအောင်မိုး၏ အသားတိုး ကြက်မွေးမြူရေးခြံသို့ရောက်ရှိပြီး အသားတိုးကြက် အကောင်ရေ ၁၂၀၀၀ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ အသားကဏ္ဍတိုးတက် ထုတ်လုပ်နိုင်ရေးအတွက် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ၊ မွေးမြူရေးကို အခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနေသကဲ့သို့ အသေးစားမွေးမြူရေး လုပ်ကိုင်သူများနှင့် မွေးမြူရေးခြံတည်ထောင်ဆောင်ရွက် လုပ်ကိုင်လိုသူများအား ပုဂ္ဂလိကလုပ်ငန်း ရှင်ကြီးများက လက်တွဲခေါ်ယူပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးမှော်ဘီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆန်စပါး သုတေသနဌာနသို့ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ရန်ကုန်မြောက်ပိုင်း ခရိုင်နှင့် မြို့နယ်များမှ စိုက်ပျိုးရေးပညာ ရှင်ဝန်ထမ်းများအားတွေ့ဆုံ၍ နိုင်ငံတော်၏ အဓိကရိက္ခာသီးနှံ ဖြစ်သော ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ရန်၊ ဒေသနှင့်သင့်လျော်သည့်အထွက်ကောင်း အရည်အသွေးကောင်း သီးနှံမျိုးများနှင့်စပ်မျိုးများ သုတေသနပြုမျိုး မွေးမြူရွေးချယ်ပေးခြင်း၊ လက်တွေ့အသုံးချသုတေသနရလဒ်များအား သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဌာနများနှင့်ပူးပေါင်း၍ တောင်သူလက်ဝယ် အရောက်ပို့ဆောင်ပေးကြရန် လိုအပ်ချက်များနှင့် အဓိကသီးနှံ ၁၀ မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးမှာကြားသည်။

ထို့နောက် လှည်းကူးမြို့နယ် ရဲမွန်ကျေးရွာရှိ HWA Co FUN., Ltd. နို့စားနွား မွေးမြူရေးခြံ၏ နို့ပေးနွား၊ နို့စားနွားမဒန်း၊ နို့စားနွားအငယ် အကောင်ရေ ၂၇၈ ကောင် မွေးမြူထားရှိမှု၊ နွားစာမြက် စိုက်ပျိုးထားရှိမှု၊ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ တိုင်းဒေသကြီးမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပဲခူးခရိုင်အတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသား/ငါး အာဟာရကို ပြည်သူများပြည့်ဝဖူလုံစွာ စားသုံးနိုင်ရေး၊ အသား/ငါး ထုတ်လုပ်မှုကဏ္ဍတိုးတက်မြင့်မားရေးနှင့် အရည်အသွေးမြင့် ပို့ကုန်အဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ထုတ်လုပ်မှုမြင့်မားသော မျိုးများရွေးချယ်မွေးမြူကြရန်နှင့် ဒေသတွင်းသင့်တင့်သော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးဆွေးနွေးသည်။

ယင်းနောက် သနပ်ပင်မြို့နယ် ဖရဲကျေးရွာ ဒေါ်လီရင်ဟွေ၏ ခေတ်မီအသားစားကြက် အကောင်ရေ ၁၅၀၀၀၀ မွေးမြူထားရှိမှုကိုလည်းကောင်း၊ ကမာစဲကျေးရွာမွေးမြူရေးတောင်သူ ဦးဝင်းထိုက်မောင်၏ လျာပကစ်လမ်းခွဲတွင် ကာကီကင်းဘဲအကောင်ရေ ၃၆၈၀၀ နှင့် ကလိုင် တံတားအနီးခြံတွင် ကာကီကင်းဘဲအကောင်ရေ ၃၂၀၀ မွေးမြူထားပြီး ဒေသတွင်း ဘဲဥဖြန့်ဖြူးရောင်းချပေးနေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ထို့အတူ ဒုတိယဝန်ကြီးသည် သနပ်ပင်မြို့နယ် အောက်စုဝိုင်ရွာ တောင်သူဦးမင်းနိုင်၏ နွေစပါး မုယင်းနှစ်သီး စံပြကွက်ကိုလည်းကောင်း၊ သနပ်ပင်မြို့နယ် ကမာစဲစံပြကျေးရွာရှိ ဓနတိုးတက်အောင် ကုမ္ပဏီလီမိတက် ငါးမွေးမြူရေးလုပ်ငန်း၌ ငါးသိုင်းခေါင်းပွ၊ ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်းငါးများမွေးမြူထားရှိမှုကိုလည်းကောင်း ကြည့်ရှုပြီး မွေးမြူထုတ်လုပ်မှုတိုးချဲ့ရေး၊ ကောင်းမွန်သော ငါးမွေးမြူရေးကျင့်စဉ် GAqP (ဂျီအေကျူပီ) စနစ်ကို လိုက်နာကျင့်သုံးကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်၊ ဇူလိုင် ၂၀ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 20, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့။


Posted on Jul 19, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။


Posted on Jul 18, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။


Posted on Jul 17, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 16, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Posted on Jul 14, 2025
AnnouncementsExplore more >

ဝဇီရာရုပ်ရှင်ရုံနှင့်ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ လှူဒါန်းပေးပို့ပေးပါရန် မေတ္တာရပ်ခံခြင်း

Posted on Jul 20, 2025

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်း အမှတ် ၃၂၇ တွင် တည်ရှိသည့် ဝဇီရာရုပ်ရှင်ရုံသည် ၁၉၂၃ ခုနှစ်ခန့်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းရုပ်ရှင်ရုံဖြစ်ပြီး ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ဗိသုကာအသွင်အပြင်များ ပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံများ၊ ရုပ်လုံးကြွများဖြင့် တန်ဆာဆင်တည်ဆောက်ထားသဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းအတွက် ဂုဏ်ယူထိန်းသိမ်းထားရမည့် အဆောက်အအုံကြီးတစ်ခုဖြစ်ပါသည်။ ဝဇီရာရုပ်ရှင်ရုံကြီးသည် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်များက ရုပ်ရှင်ဇာတ်ကားများ၊ ပြဇာတ်များအား ပြည်သူများ အပန်းဖြေပျော်ရွှင်စေရန် တင်ဆက်ပြသခဲ့သည့် ရုပ်ရှင်ရုံကြီးဖြစ်သည့်အတွက် အနုပညာစိတ်ဝိညာဉ်များ ဆုံစည်းရာနေရာတစ်ခုလည်း ဖြစ်ပါသည်။

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

Posted on Jul 19, 2025

၁။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရတနာဒီပရပ်ကွက်၊ ကြာအင်းတောင်ပေါ်လမ်း၊ အိမ်အမှတ် [၉/၃၄(A)] တွင် ပါတီရုံးချုပ်တည်ရှိသော ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၁၅-၇-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်

Posted on Jul 18, 2025

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်