အသိပညာဖလှယ် ရုံးချုပ်နှင့် တိုင်း/ပြည်နယ် ပိုစတာပြပွဲပြိုင်ပွဲ၊ ပြိုင်ပွဲဝင်ပိုစတာများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပခြင်း

အသိပညာဖလှယ် ရုံးချုပ်နှင့် တိုင်း/ပြည်နယ် ပိုစတာပြပွဲပြိုင်ပွဲ၊ ပြိုင်ပွဲဝင်ပိုစတာများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / October 14, 2025


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၁-၄-၂၀၂၅ ရက်နေ့တွင်ပြည့်မြောက်ခဲ့သည့် (၈၈) နှစ် မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားအတွက် ကျင်းပသည့် “အသိပညာဖလှယ် ရုံးချုပ်နှင့်တိုင်း/ပြည်နယ်ပိုစတာပြပွဲပြိုင်ပွဲ” ပြိုင်ပွဲဝင်ပိုစတာများ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကို ၁-၁၀-၂၀၂၅ ရက်နေ့မှ ၃-၁၀-၂၀၂၅ ရက်နေ့ထိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယနေ့အခမ်းအနားသည် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေး ပိုမိုမြင့်မားလာစေရန်၊ ပညာရပ်ဆိုင်ရာ အသိပညာဗဟုသုတများ အပြန်အလှန် ဖလှယ်နိုင်စေရန်၊ တီထွင်ဖန်တီးနိုင်သောစွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယခုပိုစတာပြပွဲပြိုင်ပွဲတွင် ရုံးချုပ်မှ ပိုစတာ (၅) ခု၊ တိုင်းဒေသကြီး / ပြည်နယ်မှ ပိုစတာ(၅)ခု၊ စုစုပေါင်းပိုစတာ (၁၀) ခု ပါဝင်ယှဉ်ပြိုင်ပြသသွားမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ကျင်းပခြင်းဖြင့် ဝန်ထမ်းများမှ တင်ပြလိုသည့်အကြောင်းအရာများကို လိုတိုရှင်းတင်ပြ နိုင်မှု၊ ဆွေးနွေးတင်ပြရဲသောသတ္တိ ၊ ရှင်းလင်း တင်ပြနိုင်မှုစွမ်းရည်၊ တင်ပြမှုအပေါ် မေးခွန်းမေးမြန်း နိုင်မှုနှင့် ပြန်လည်ဖြေကြားတုံ့ပြန်နိုင်မှုစွမ်းရည်များ မြင့်မားလာစေမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ပိုစတာပြပွဲပြိုင်ပွဲမှ ရရှိသည့်အတွေ့အကြုံ၊ ဗဟုသုတများကို လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည် အသုံးပြု၍ မိမိတို့ဆောင်ရွက်ရသည့် အခန်းကဏ္ဍအလိုက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ကြိုးစားပြီး အရည်အသွေးများတိုးတက်စေရေး စဉ်ဆက်မပြတ်ဆောင်ရွက်ကာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၏ဂုဏ်ကို မြှင့်တင်ကြစေလိုပါကြောင်း၊ ယခုဆိုလျင် ပိုစတာပြပွဲပြိုင်ပွဲများကျင်းပခဲ့သည်မှာ (၃) ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ “အသိပညာဖလှယ် ရုံးချုပ်နှင့် တိုင်းပြည်နယ် ပိုစတာ ပြပွဲပြိုင်ပွဲ” ဆိုသည့် ခေါင်းစဉ်အတိုင်း အသိပညာများ အပြန်အလှန်ဖလှယ်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊ နောင်လာမည့်နှစ်များတွင်လည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရှိ ဦးစီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများမှတက်ကြွစွာပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား ခဲ့သည်။

ပိုစတာပြပွဲပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပိုစတာများနှင့် ရှင်းလင်တင်ပြသည့် အစီအစဉ်ကို ၁-၁၀-၂၀၂၅ မှ ၃-၁၀-၂၀၂၅ရက်နေ့ထိ ၃ ရက် ကျင်းပခဲ့ပြီး ပထမနေ့တွင် စစ်ဆေးရေးဦးစီးဌာန-အဖွဲ့(၂) မှ“အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုမှ နိုင်ငံ့ဝင်ငွေတိုးပွားစေရေး OAG က ထိန်းကျောင်းပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ “သတင်းအချက် အလက်များလုံခြုံစိတ်ချဖို့နည်းပညာဖြင့်အထောက်အကူပြုစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ “အဂတိတရားကင်းစင်ဖို့ကျင့်ဝတ်နှင့်အညီဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ “တွဲလက်ညီညီ အောင်မြင်မှုဆီ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယနေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စစ်ဆေးရေးဦးစီးဌာန (PA Unit) အဖွဲ့ (၁) မှ “ရာသီဉတုပြောင်းလဲမှု လျှော့ချရေး စစ်ဆေးခြင်းဖြင့် ထောက်ကူပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုံးအဖွဲ့ e-government မှ “e-Governance Master Plan နှင့် OAG ရုံး၏ Digital Transformation” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး မှ “လူမှုစီးပွားတိုးတက်‌ရေး စစ်ဆေးခြင်းဖြင့် ထိန်းကျောင်းပေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တတိယ နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စီမံရေးရာဦးစီးဌာနမှ “စာရင်းရေး သွင်းမှု မှန်ကန်၊ မြန်ဆန်ဖို့ GAS Software သုံးကြစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ “Franchise စနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး‌ရေးကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတော်အတွက် အကျိုးပြု၊ မပြု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ “ဝန်ထမ်းများ လုပ်ငန်းခွင် စွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်းပေး” ခေါင်းစဉ်ဖြင့် လည်းကောင်း ပြိုင်ပွဲဝင် များက ပါဝင်ယှဉ်ပြိုင်သည့် ပိုစတာများနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြရာ ဝန်ထမ်းများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။ ပိုစတာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု (၂) ဆုကို နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဆုချီးမြှင့်ပေးအပ် သွားမည်ဖြစ်ပါသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမနှင့် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်း စစ်သင်တန်းကျောင်းတို့တွင်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့်ဝန်ထမ်းများက Online ဖြင့်လည်းကောင်း စုစုပေါင်း (၅၆၆) ဦး တက်ရောက်ခဲ့ကြသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


Posted on Oct 17, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


Posted on Oct 16, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 15, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Oct 14, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Oct 12, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 12, 2025
AnnouncementsExplore more >

တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများခန့်အပ်တာဝန်ပေးအပ်ခြင်း

Posted on Oct 16, 2025

တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများခန့်အပ်တာဝန်ပေးအပ်ခြင်း

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Oct 16, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက်ထုတ်ပြန်ခြင်း

Posted on Oct 15, 2025

ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ခြင်း

HOT NEWS
January 4,