အသိပညာမျှဝေဆွေးနွေးပွဲ အမှတ်စဉ် (၅၆) အခမ်းအနားကျင်းပခြင်း
အသိပညာမျှဝေဆွေးနွေးပွဲ အမှတ်စဉ် (၅၆) အခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / September 24, 2025
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program- KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၅၆) ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက အသိပညာမျှဝေရေးဆွေးနွေးပွဲ များကို စဉ်ဆက်မပြတ်ကျင်းပပေးလျက်ရှိရာ ယနေ့တွင်လည်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှာ Chinese Government Scholarship Auditing Master Program သို့ တက်ရောက်ခဲ့ခြင်း နှင့်စပ်လျဉ်းသည့် အတွေ့အကြုံများကို “နိုင်ငံခြားပညာတော်သင် အတွေ့အကြုံများ မျှဝေခြင်း” ဟူသောခေါင်းစဉ်ဖြင့် မျှဝေဆွေးနွေးပေးသွားမည်ဟု သိရှိရပါကြောင်း၊ ယနေ့ ဆွေးနွေးမည့် အကြောင်းအရာများအနေဖြင့် သင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်များ၊ ပို့ချခဲ့သည့် ဘာသာရပ်များ၊ စစ်ဆေးရေးနည်းပညာနှင့် လုပ်ငန်းစဉ်များ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ စာရင်းစစ်ဆေးခြင်းစနစ်နှင့် စံသတ်မှတ်ချက်များ၊ Public Fund Audit(Fical Audit) ၊ Fixed Asset Investment Audit နှင့် ပတ်သက်သည်များ၊ National Audit ၏ သီအိုရီ၊ Fraud Audit ၊ Capital Market and CPA Audit နှင့် IT Audit တို့နှင့်ပတ်သက်သည်များ နှင့် China’s Economic Development Thesis ပြုလုပ်ခဲ့မှုများကို သိရှိစေရန်ရည်ရွယ်၍ အသိပညာမျှဝေရေး ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ နိုင်ငံခြားပညာတော်သင်သွားခြင်းအားဖြင့် မတူညီသည့် အသိုင်းအဝိုင်း အသီးသီး၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ စိန်ခေါ်မှုများ၊ လေ့လာမှုအသစ်များ၊ နည်းပညာအသစ်များကို သင်ယူနိုင်ခြင်းကြောင့် နိုင်ငံအတွက် တန်ဖိုးရှိစွာအသုံးချနိုင်မှာ ဖြစ်ပါ ကြောင်း၊ အခြေခံအကျဆုံးအချက်ကတော့ နိုင်ငံတကာအတွေ့အကြုံများ၊ တိုးတက်ပြီးသည့် နိုင်ငံများ၏ သင်ခန်းစာများ၊ စာပေများကိုလေ့လာပြီး မိမိနိုင်ငံ ပြန်ရောက်လာသည့်အခါ လေ့လာ သင်ယူခဲ့သမျှကို မျှဝေခြင်း၊ လက်တွေ့အသုံးချနိုင်ခြင်းဖြင့် လုပ်ငန်းဆောင်ရွက်မှုများသည် ပိုမိုထိ ရောက်လာမည်ဖြစ်ပါကြောင်း၊ ရရှိလာသည့် အတွေ့အကြုံများ စိတ်ကူးစိတ်သန်းများနှင့် သတင်း အချက်အလက်များကို မိမိတို့ရုံး၏ တိုးတက်ရေးလှုပ်ရှားမှုများမှာ ထိထိရောက်ရောက်ပြန်လည် အသုံးချစေလိုပါကြောင်း၊ နိုင်ငံတော်၏အနာဂတ်ကို တည်ဆောက်ကြမည့် ဝန်ထမ်းများအနေဖြင့် နိုင်ငံတကာပညာရေးအခွင့်အလမ်းများသည် မိမိဘဝအတွက် အကောင်းဆုံးသော လမ်းတစ်ခု ဖြစ်သလို အဖွဲ့အစည်းနှင့် နိုင်ငံအတွက်လည်း အကျိုးပြုစေမည့်အရာဖြစ်ပါကြောင်း၊ ထိုကြောင့် ရလာသည့်အခွင့်အလမ်းများကို စွမ်းစွမ်းတမံအသုံးချပြီး နိုင်ငံခြားပညာသင်လျှောက်ကြရန် မိမိတို့ဘက်ကလည်း ပြင်ဆင်သင့်ပြင်ဆင်ထိုက်သည်များကို ကြိုးပမ်းဆောင်ရွက်ကြရန်၊ မရှင်း လင်းသည့်အချက်များနှင့် ထပ်မံသိရှိဆွေးနွေးလိုသည်များရှိပါက ဆွေးနွေးမေးမြန်းသွားကြစေလို ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ယခုအစီအစဉ်မှရရှိသည့် အသိပညာဗဟုသုတ များကို ချိတ်ဆက်အသုံးပြုကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် စစ်ဆေးရေးဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲ(၆) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေခိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် Chinese Government Scholarship Auditing Master Program သို့ တက်ရောက်ခဲ့ရခြင်း ရည်ရွယ်ချက်၊ ပို့ချသည့်ဘာသာရပ်များ၊ လေ့လာခဲ့ သည့်ခရီးစဉ်၊ ရရှိခဲ့သော အကျိုးကျေးဇူးများအကြောင်းနှင့်စပ်လျဉ်း၍ ပြည့်ပြည့်စုံစုံ အကျယ် တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းခြင်း၊ ပြန်လည် ရှင်းလင်းဖြေကြားခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြသိင်္ဂီမှ ကျေးဇူးတင်အနှစ်ချုပ်စကားပြောကြားပြီး ဆွေးနွေးပွဲ ကိုရုပ်သိမ်းခဲ့သည်။
ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများမှပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ နဝရတ်ခန်းမတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာ နိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက Online ဖြင့် လည်းကောင်း စုစုပေါင်း ( ၉၆၀ ) ဦး တက်ရောက်ခဲ့ကြသည်။
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Sep 26, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Sep 24, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့်ကြေညာ
Posted on Sep 26, 2025နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့်ကြေညာ