အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဆင်း

အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဆင်း


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / August 26, 2025


ဘားအံ ဩဂုတ် ၂၆

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း(ဘားအံ)မှ အသေး စားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ပို့ချသည့် စက်ချုပ်နည်းပညာသင်တန်း(ဒုတိယအကြိမ်)သင်တန်းဆင်းပွဲကို လှိုင်းဘွဲမြို့နယ်၊ ကြို့ချောင်းကျေးရွာ တောင်ပေါ် ကျောင်း၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းဆင်းသင်တန်းသူများအနေဖြင့် အရည်အချင်းပြည့်ဝ သည့် ပညာရပ်တစ်ခုကိုပိုင်ဆိုင်ခဲ့ပြီးဖြစ်သကဲ့သို့ မိမိကိုယ်ကိုအားကိုးစိတ်နှင့် အနာဂတ်အတွက် အခွင့်အလမ်းများစွာ ဖန်တီးနိုင်မည့် အခြေခံကောင်းတစ်ခုကိုလည်းရရှိခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းမှရရှိသောပညာရပ်များကိုအခြေခံ၍ ဆန်းသစ်တီထွင်မှု နှင့်လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများကိုပေါင်းစပ်ပြီး ဆက်လက်ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ‌ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးညီညီဇော်က သင်တန်းထွက်ကုန်ချောပစ္စည်းများကို ပေးအပ်ပြီး ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြ သည်။

ယနေ့သင်တန်းဆင်းပွဲတွင် ကြို့ချောင်းကျေးရွာမှ သင်တန်းသူ(၁၀)ဦးသင်တန်းဆင်းခဲ့ကြပြီး ပြည်နယ်ဝန် ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းဆင်းသင်တန်းသူများနှင့်တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ သင်တန်းသူများကိုယ်တိုင်ချုပ်လုပ်ထားသော အဝတ်အထည်များ ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် လှိုင်းဘွဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တဝန်ဖန်ရမင်္ဂလာသီဝံဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို ဆောင်ရွက်ရာ လှိုင်းဘွဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများက မဲဆန္ဒရှင်များမဲမပေးမီသိသင့် သိထိုက်သည့်အချက်များနှင့် မဲပေးစက်ဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော တဝန်ဖန်ရ၊ ဥဒေါင်း၊ သိုက်တော၊ တခင်းလုံကျေးရွာများမှ ပြည်သူများအား လက်တွေ့စမ်းသပ် မဲပေးစေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြား ခဲ့ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။


Posted on Aug 29, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on Aug 28, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 27, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။


Posted on Aug 26, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။


Posted on Aug 25, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 24, 2025
AnnouncementsExplore more >

မတရားအသင်းအဖြစ် ကြေညာခြင်း

Posted on Aug 28, 2025

မတရားအသင်းအဖြစ် ကြေညာခြင်း

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း

Posted on Aug 28, 2025

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Aug 28, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း