အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ (၄၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပ

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ (၄၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / April 27, 2024
image_latest


နေပြည်တော် ဧပြီ ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ (၄၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ တက်ရောက်သည်။

စတင်ဖွဲ့စည်းခဲ့

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်က အားကိုးရသော၊ ပြည်သူများက အားထားရသော တိုးတက်အောင်မြင်သည့် ဌာနတစ်ခုအဖြစ် ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ ယနေ့တွင် (၄၈) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ဌာနအနေဖြင့် ၁၉၇၆ ခုနှစ် မတ် ၃၀ ရက်တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါကြောင်း၊ ဌာန၏လုပ်ငန်း တာဝန်များအနေဖြင့် “အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အသက်မွေးဝမ်းကျောင်းသင်တန်းများပေးခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ မှတ်ပုံတင်ပေးခြင်း၊ စားသောက်ကုန်၊ လူသုံးကုန်များကို ဘေးဥပဒ်ကင်းရှင်းစေရန် ဓာတ်ခွဲစမ်းသပ်ပေးခြင်းလုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း။

၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်မှာ နည်းပညာပေးသင်တန်း ၆၁၉ ကြိမ်၊ မှတ်ပုံတင်လုပ်ငန်း ၃၄၁၈ ခု၊ ဓာတ်ခွဲစမ်းသပ်ပေးနိုင်မှု ၆၄၆၃ ကြိမ်တို့ကို ဌာန၏လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတော်ရန်ပုံငွေများ ရှာဖွေပေးနိုင်ခဲ့ပါကြောင်း၊ အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုး ရေးစီမံကိန်းကို ကျေးရွာ ၁၅၁ ရွာ ရွေးချယ်ပြီး ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြားနိုင်သည့် လူငယ်၊ လူရွယ်များနင့် အိုးမကွာ၊ အိမ်မကွာ မိသားစုဝင်ငွေတိုးဆောင်ရွက်လိုသည့် အမျိုးသမီးများကို အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ကျေးရွာတစ်ရွာတွင် လူငါးဦး ရွေးချယ်ပြီး လုပ်ငန်းသုံးစက်ပစ္စည်းများ ထောက်ပံ့ပေးကာ စုစုပေါင်း လူ ၇၅၅ ဦးကို လုပ်ငန်းများ ထူထောင်ပေးနိုင်ခဲ့သဖြင့် အသေးစားစီးပွားရေးလုပ်ငန်းရှင်များ ဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပါကြောင်း။

နိုင်ငံတော်စီမံကိန်းများဖြစ်သည့် ကော်ဖီစီမံကိန်းတွင် ကော်ဖီစက်များ၊ ကော်ဖီထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် နည်းပညာပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ခဲ့ပြီး စပါးသီးနှံ၊ ပဲသီးနှံ၊ ဆီထွက်သီးနှံ အောင်မြင်ဖြစ်ထွန်းရေးစီမံကိန်းများ၌လည်း ပဲရိတ်စက်အပါအဝင် စက်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝါမှချည်ဖြစ်သည်အထိ လုပ်ငန်းစဉ်များကို ကူညီပံ့ပိုးပေးသည့်နေရာ၌လည်း ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများနှင့် နိုင်ငံတော်၏ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်စွာ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဦးစီးဌာန၏ ရည်မှန်းချက်များ၊ မျှော်မှန်းချက်များ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် နောင်နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲရပ်တည်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြား သည်။

ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် အမြဲတမ်းအတွင်းဝန်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အားကစားထူးချွန်ဆုများ၊ ဝန်ထမ်းထူးချွန်ဆုများနှင့် ပြည်နယ်/တိုင်းဒေသကြီးအလိုက် စွမ်းဆောင်ရည်အကောင်းဆုံးဆုများရရှိသည့် ဝန်ထမ်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် ၊ မေ ၉ ရက်၊ ကြာသပတေးနေ့။


Posted on May 09, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက် ၊ မေ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 08, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့ ၊ မေ ၇ ရက်၊ အင်္ဂါနေ့။


Posted on May 07, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မေ ၆ ရက်၊ တနင်္လာနေ့။


Posted on May 06, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။


Posted on May 05, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


Posted on May 04, 2024
AnnouncementsExplore more >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ရက်တိုးမြှင့်သတ်မှတ်ခြင်းအား အသိပေးအကြောင်းကြားခြင်း

Posted on May 7, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ရက်တိုးမြှင့်သတ်မှတ်ခြင်းအား အသိပေးအကြောင်းကြားခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ချက်

Posted on May 8, 2024

၁။ နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၅ ဖွဲ့ရှိပါသည်။ ယင်းသို့လျှောက်ထားသည့်အဖွဲ့များအနက် နိုင်ငံရေးပါတီ ၁၂ ပါတီကို တည်ထောင်ခွင့်ပြုခဲ့ပြီး ၁ ပါတီကို တည်ထောင်ခွင့် ငြင်းပယ်ခဲ့ပါသည်။

ကြေညာချက်

Posted on May 7, 2024

ကြေညာချက်

HOT NEWS
January 4,