အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့(ASEAN-PAC)၏ (၂၁)ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးကျင်းပ
အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့(ASEAN-PAC)၏ (၂၁)ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / November 01, 2025
နေပြည်တော် အောက်တိုဘာ ၃၁
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ Chief Commissioner ဖြစ်သူ Tan Sri Dato’ Sri Hj. Azam Baki ၏ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့၌ကျင်းပသည့် အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့(ASEAN-PAC)၏ (၂၁) ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးသို့ တက်ရောက်သည်။
အာဆီယံဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption-ASEAN-PAC)၏ (၂၁)ကြိမ်မြောက်အကြီးအမှူးများအစည်းအဝေး၏ပထမနေ့ဖြစ်သည့် အောက်တိုဘာ ၂၈ ရက်တွင် သဘာပတိအဖြစ်မလေးရှားနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(MACC)၏ Chief Commi-ssioner H.E. Tan Sri Dato’ Sri Hj. Azam Baki က ဆောင်ရွက်ပြီး ယခင်နှစ်ကကျင်းပခဲ့သည့် အကြိမ်(၂၀)မြောက်အကြီးအမှူးများအစည်းအဝေးမှတ်တမ်းကို အတည်ပြုခြင်း၊ ယခင်နှစ်ကအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ KPK မှ General Commissioner က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ASEAN-PAC ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးခြင်း၊ အဖွဲ့ဝင်နိုင်ငံအသီးသီးအနေဖြင့် ၂၀၂၃-၂၀၂၅ခုနှစ်အတွက် ASEAN-PAC လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ဆောင်မှုအခြေအနေများအား တင်ပြဆွေးနွေးခြင်း၊ ၂၀၂၆-၂၀၂၈ ခုနှစ်အတွက် ASEAN-PAC လုပ်ငန်းအစီအစဉ်များကို ပြန်လည်ပြင်ဆင်ခြင်းနှင့်အတည်ပြုခြင်း၊ နိုင်ငံအလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားဆွေးနွေးခြင်းတို့ကို ဆောင်ရွက် သည်။
အဖွဲ့ဝင်နိုင်ငံများအလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကဆွေးနွေးရာတွင် အဂတိလိုက်စားမှု၏အများပြည်သူအပေါ် ဆိုးကျိုးသက်ရောက်မှုအခြေအနေများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှု(Public-Private Partnership)၏ အရေးပါမှုများ၊ မြန်မာနိုင်ငံတွင် ချမှတ်ဆောင်ရွက်လျက်ရှိသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာနှင့်လုပ်ငန်းအစီအစဉ်များ၊ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏အာဏာသက်ရောက်မှုများ၊ ကော်မရှင်မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်(၃)ရပ်နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ကော်မရှင်၏ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အဂတိလိုက်စားမှု ကြိုတင်တားဆီးကာကွယ်ရေးအစီအမံများ၊ ဥပဒေမူဘောင်ခိုင်မာရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့် အများပြည်သူပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုတို့ကို အလေးထားဆွေးနွေးပြောကြားခဲ့သည်။ ညနေပိုင်းတွင် မလေးရှားနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(Malaysian Anti-Corruption Comission-MACC) ၏ Chief Commissioner မှတည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပါဝင်တက်ရောက်သည်။
အစည်းအဝေး ဒုတိယနေ့ဖြစ်သည့် အောက်တိုဘာ ၂၉ ရက်တွင် ASEAN-PAC Portalနှင့်စပ်လျဉ်း၍ မလေးရှားနိုင်ငံ MACC မှ ဆွေးနွေးတင်ပြခြင်း၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများမှ ၎င်းတို့၏အာဆီယံဒေသ အတွင်းရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင် ရွက်မှုများကို ဆွေးနွေးတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ပြီးလာမည့်နှစ်အတွက် ASEAN-PAC၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ASEAN-PAC အား ပိုမိုခိုင်မာအားကောင်းသောအဖွဲ့အစည်းတစ်ခုဖြစ်ပေါ်လာစေရန် အတူတကွပူးပေါင်းဆောင်ရွက်သွားရန်မျှော်လင့်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မလေးရှားနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(MACC)၏ Chief Commi-ssioner H.E. Tan Sri Dato’ Sri Hj. Azam Baki က နိဂုံးချုပ်စကားပြောကြားခဲ့ပြီးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက မြန်မာနိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ် တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မဟုတ်သော်လည်း အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ဝင် နိုင်ငံအားလုံးက မြန်မာနိုင်ငံအားအလှည့်ကျဥက္ကဋ္ဌအဖြစ်နှင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပရေးနှင့်စပ်လျဉ်း၍ တညီတညွတ်တည်းလက်ခံသဘောတူမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံနေပြည်တော်၌ ပြန်လည်တွေ့ဆုံနိုင်ရန်မျှော်လင့်ပါကြောင်းပြောကြားခဲ့သည်။ မွန်းလွဲပိုင်းတွင် သီးခြားအစီအစဉ်အဖြစ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ယဉ်ကျေးမှုပြပွဲသို့ ကော်မရှင်က ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတတိယနေ့ဖြစ်သည့်အောက်တိုဘာ ၃၀ ရက်တွင်“ကဏ္ဍပေါင်းစုံပါဝင်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာများအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့်ကျင်းပသည့် ဆွေးနွေးပွဲသို့ပါဝင်တက်ရောက်ခဲ့ပြီး မလေးရှားနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပို့ဆောင်သောလေ့လာရေးခရီးစဉ်သို့ သွားရောက်ခဲ့သည်။
မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌသည် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အကြီးအမှူးများ၊ ကိုယ်စားလှယ်များနှင့် နှစ်နိုင်ငံချင်းသီးခြားတွေ့ဆုံခဲ့ပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Posted on Oct 31, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Posted on Oct 30, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 29, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
Posted on Oct 28, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
Posted on Oct 27, 2025
ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့်...
Posted on Nov 1, 2025ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
Posted on Nov 1, 2025ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း
Posted on Nov 1, 2025ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း
