အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့ရှိ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြစ်ကြီးနားမြို့ရှိ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ


Ministry of Hotel & Tourism/ နေပြည်တော် / October 01, 2025


နေပြည်တော်၊ စက်တင်ဘာလ (၃၀) ရက်

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ပြည်နယ်ခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် နှင့်အတူ ကချင်ပြည်နယ်အတွင်းရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိ သူများ ၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းရှင်များ နှင့် တွေ့ဆုံခဲ့ရာ အခမ်းအနားသို့ ကချင် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပြည်နယ်ဌာန ဆိုင်ရာ အရာရှိကြီးများ ပါဝင် တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေနှင့်အညီ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဗဟိုကော်မတီကို ၂၀၂၅ ခုနှစ် စက်တင် ဘာလ (၂၃) ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်၍ ခရီးသွားလုပ်ငန်းကော်မတီနှင့် ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါ ကြောင်း၊ ထို့အတူ ခရိုင်၊ မြို့နယ်အဆင့် ဒေသဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကိုလည်း ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ ၊ ဒေသခံများ ပါဝင်ပြီး လက်ရှိ အခြေအနေနှင့်ကိုက်ညီအောင် ဖွဲ့စည်းဆောင်ရွက် သွားရန် ရှိပါကြောင်း၊ ကချင်ပြည်နယ်သည် သဘာဝအလှအပများ၊ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ် များ ပေါကြွယ်ဝပြီး တိုင်းရင်းသားမျိုးနွယ်စုများဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများအတွက် ဆွဲ ဆောင်မှုရှိသော ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများစွာ ပိုင်ဆိုင် ထားရှိသဖြင့် အဆိုပါ အရင်းအမြစ်များကို အသုံးချပြီး ခရီးသွားလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းမှု အားကောင်းစွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လက်ရှိအခြေအနေတွင်

ဝန်ကြီးဌာန အနေဖြင့် ပြည်ပခရီးသွားဧည့်သည် ပိုမိုတိုးတက်ဝင်ရောက်လာရေးဆောင်ရွက်သလို ပြည်တွင်းခရီး သွားဧည့်သည်များ ပိုမိုလည်ပတ်နိုင်စေရန်လည်း ကြိုးစားဆောင်ရွက်နေပြီး လုပ်ငန်းရှင်များက လည်း ပြည်တွင်းခရီးသွားဈေးကွက် ရရှိရေးကိုပါ မြှင့်တင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်လာပါက ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေး အဆင်သင့် ဖြစ်နေစေရေးအတွက် ပြင်ဆင်ကြိုးစား ဆောင်ရွက်ထားကြရန် လိုအပ် ပါကြောင်း၊ ခရီးသွား လုပ်ငန်းမှာ ဒေသခံအလွှာစုံကို ဝင်ငွေရစေပြီး ဒေသခံများ၏ လူမှုစီးပွား ဘဝတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေသည့်အတွက် ကချင်ပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလို ပါကြောင်း တိုက်တွန်းပြောကြား ပါသည်။

ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများ၊ ခရီးလှည့်လည်ရေးလုပ်ငန်းများ နှစ်စဉ် တိုးတက်လျက်ရှိပါကြောင်း၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းများအနေဖြင့် ထုတ်ပြန်ထားသော ဥပဒေ ၊ နည်းဥပဒေ ၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး တည်းခိုသော ဧည့်သည်များ လုံခြုံရေးအတွက် လိုအပ်သည်များကို ညွှန်ကြားချက်များနှင့်အညီ ‌ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး လုပ်ငန်းရှင်များကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားပါသည်။

ထို့နောက် တက်ရောက်လာသူ လုပ်ငန်းရှင်များ၏ ဆောင်ရွက်ပေးစေလို တင်ပြချက်များ အပေါ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်က ပြန်လည် ရှင်းလင်းဆွေးနွေး၍ ပြည်‌‌ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးပြီးနောက် ပြည်‌ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Source From:KyeMon

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက် ၊ အောက်တိုဘာ ၄ ရက်၊ စနေနေ့။


Posted on Oct 04, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက် ၊ အောက်တိုဘာ ၃ ရက်၊ သောကြာနေ့။


Posted on Oct 03, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Oct 02, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 30, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Posted on Sep 30, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် ၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Sep 29, 2025
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏...

Posted on Oct 3, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Posted on Oct 3, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

သန့်ရှင်းရေးအကူရာထူး (၂) နေရာတို့အတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Oct 3, 2025

သန့်ရှင်းရေးအကူရာထူး (၂) နေရာတို့အတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း

HOT NEWS
January 4,