အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်မှ “ဒေသ Tourism ဖွံ့ဖြိုးရေးအမေးအဖြေများ” စာအုပ်များအား ပညာရေးဝန်ကြီးဌာနသို့ လှူဒါန်းပေးအပ်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်မှ “ဒေသ Tourism ဖွံ့ဖြိုးရေးအမေးအဖြေများ” စာအုပ်များအား ပညာရေးဝန်ကြီးဌာနသို့ လှူဒါန်းပေးအပ်


Ministry of Hotel & Tourism/ နေပြည်တော် / December 24, 2025


နေပြည်တော်၊ ဒီဇင်ဘာလ (၂၃) ရက်

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ်ဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စာအုပ်များ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ပညာရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ရှေ့ဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်မှ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) နှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးအေးမြင့်ကြူ (ကလောင်အမည် - ချစ်ဆွေမြင့်) ရေးသားသည့် “ဒေသ Tourism ဖွံ့ဖြိုးရေး အမေးအဖြေများ” စာအုပ်များအား လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး စာရေးသူကိုယ်စား စာအုပ်များအား လွှဲပြောင်းပေးအပ်လှူဒါန်းရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က လက်ခံရယူပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ယခုလှူဒါန်းသည့် “ဒေသ Tourism ဖွံ့ဖြိုးရေးအမေးအဖြေများ” စာအုပ်များသည် တက္ကသိုလ်များရှိ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ဘာသာရပ်များ လေ့လာနေသူများအတွက် အခြေခံအကိုးအကား စာအုပ်များဖြစ်ပြီး၊ အထူးသဖြင့် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု စီမံခန့်ခွဲမှုဆိုင်ရာဘွဲ့ (Bachelor of Tourism and Hospitality Management-BTHM) ကျောင်းသား/ သူများအတွက် သင်ခန်းစာ အထောက်အကူပြုစေရန် အဓိကရည်ရွယ်ခြင်း ဖြစ်ပါသည်။

ထိုကဲ့သို့ ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများ လှူဒါန်းခြင်းဖြင့် ခရီးသွားလုပ်ငန်း ပညာရပ်ကို စနစ်တကျ လေ့လာလိုက်စားနေသူများအတွက် ခရီးသွားဆိုင်ရာ အသိပညာ ဗဟုသုတ များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျွမ်းကျင်ပညာရှင်များ ပေါ်ထွက်လာပြီး နိုင်ငံ့အတွက်အရေးပါသော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Source From: MyanmarAlin

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။