အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြင်ဦးလွင်မြို့ရှိ နိုင်ငံပိုင်ဟိုတယ်များအားကြည့်ရှုစစ်ဆေး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြင်ဦးလွင်မြို့ရှိ နိုင်ငံပိုင်ဟိုတယ်များအားကြည့်ရှုစစ်ဆေး
Ministry of Hotel & Tourism/ နေပြည်တော် / January 19, 2026
နေပြည်တော်၊ ဇန်နဝါရီ (၁၇) ရက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ပြင်ဦးလွင်မြို့ရှိ နိုင်ငံပိုင်ဟိုတယ်များအား ကြည့်ရှုစစ်ဆေးပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ပုဂ္ဂလိကလုပ်ငန်းရှင်မှ ငှားရမ်းလုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံပိုင် နန်းမြိုင်ဟိုတယ်သို့ ရောက်ရှိကာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအဆင့်အတန်းမြင့်မားလာစေရန်နှင့် မြန်မာနိုင်ငံ၏ တောင်ပေါ်အပန်းဖြေမြို့ တစ်မြို့ဖြစ်သည့် ပြင်ဦးလွင်မြို့ကို ခရီးသွားမြို့တော် ဂုဏ်အင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက် ခရီးသွားရာသီအတွင်း လာရောက်တည်းခိုကြသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအား တန်းပြည့်ဝန်ဆောင်မှုပေး၍ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်ရှိဝန်ထမ်းများ၏ ဝန်ဆောင်မှု အရည် အသွေးများ ယခုထက်ပိုမို အဆင့်မီ ကောင်းမွန်စေရေးအတွက် လေ့ကျင့်ဆောင်ရွက်ပေးနိုင်ရေး၊ ဟိုတယ်ဝန်းအတွင်း သန့်ရှင်းသာယာလှပရေး၊ လာရောက်တည်းခိုသည့် ဧည့်သည်များ အတွက် ကိုယ်ကာယ ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး တို့ကို မှာကြားခဲ့ပါသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂန္ဓမာမြိုင် ဟိုတယ်သို့ သွားရောက်၍ ဟိုတယ်ဝန်းအတွင်း မြေယာရှုခင်းများ လှပစွာ ဆက်လက်ဆောင်ရွက် ထားရှိရန်နှင့် ကားရပ်နားရန် နေရာများကိုပါ စနစ်တကျဆောင်ရွက် ထားရှိရန်၊ အဆောက်အဦအား မူလလက်ရာမပျက်စေဘဲ ထိန်းသိမ်းပြုပြင်ဆောင်ရွက်ရန်နှင့် ဌာနေဒေသခံများအတွက် အလုပ် အကိုင်အခွင့်အလမ်းများရရှိစေနိုင်မည့် လုပ်ငန်းများကိုတိုးချဲ့စီစဉ်အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ရန် ကိစ္စရပ်များကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source From: MyanmarAlin
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
