အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးမြို့ရှိ နိုင်ငံပိုင်ဟိုတယ်များအားကြည့်ရှုစစ်ဆေး
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးမြို့ရှိ နိုင်ငံပိုင်ဟိုတယ်များအားကြည့်ရှုစစ်ဆေး
Ministry of Hotel & Tourism/ နေပြည်တော် / January 19, 2026
နေပြည်တော်၊ ဇန်နဝါရီ (၁၈) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် ဝန်ဆောင်မှုအဆင့်အတန်း မြင့်မားလာစေရေး အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီလ ၁၇ ရက်နေ့၊ နေ့လယ်ပိုင်းတွင် မန္တလေးမြို့ရှိ ပုဂ္ဂလိကလုပ်ငန်းရှင်မှ ငှားရမ်းလုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံပိုင် ထွန်းလှဟိုတယ်သို့ သွားရောက်ကာ ခရီးသွားရာသီအတွင်း လာရောက်တည်းခိုကြသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအား တန်းပြည့်ဝန်ဆောင်မှုပေး၍ လုပ်ငန်းဆောင်ရွက်ထား ရှိမှု အခြေအနေများ၊ တိုးချဲ့ဆောက်လုပ်မည့် စားသောက်ခန်းမနေရာများကို ကြည့်ရှုစစ်ဆေး ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်ရှိ ဝန်ထမ်းများ၏ ဝန်ဆောင်မှု အရည်အသွေးများ ယခုထက်ပိုမို အဆင့်မီကောင်းမွန်စေရေးအတွက် လေ့ကျင့်ဆောင်ရွက်ပေးရန်၊ ဟိုတယ်ဝန်းအတွင်း သန့်ရှင်းသာယာလှပရေး၊ လာရောက်တည်းခိုသည့် ဧည့်သည်များအတွက် စိတ်အပန်းဖြေနိုင်ရေးအတွက် မြေယာရှုခင်းအလှများကို ဆောင်ရွက်ထားရှိရန်၊ ရေကူးကန်အတွင်း ရှိ ရေများသန့်ရှင်းအောင် ဆောင်ရွက်ထားရှိပြီး၊ ရေကူးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကူး နိုင်ရေးအတွက် သတိပေးဆိုင်းဘုတ်များ၊ အစောင့်ဝန်ထမ်းများကို စနစ်တကျထားရှိရန်၊ ကားရပ် နားရန် နေရာများကိုပါ စနစ်တကျ ဆောင်ရွက်သတ်မှတ်ထားရှိရန်၊ ဌာနေဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင်မည့် လုပ်ငန်းများကို တိုးချဲ့စီစဉ်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ကိစ္စရပ်များကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source From: Kyemon
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
