အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများမှ ကျောင်းအခြေပြုသင်တန်းဖွင့်လှစ်ရန် သင်တန်းသားခေါ်ယူခြင်း

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများမှ ကျောင်းအခြေပြုသင်တန်းဖွင့်လှစ်ရန် သင်တန်းသားခေါ်ယူခြင်း


Ministry of Information/ Naypyitaw / December 31, 2024
image_latest


နေပြည်တော်၊ ဒီဇင်ဘာလ (၃၀) ရက်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများအားဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်းစသည့်သင်တန်းများကို ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင်သင်တန်းအပတ်စဉ် ရှစ်ခု၊ အပတ်စဉ်တစ်ခုလျှင် ၆ ပတ်ကြာ သင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

အဆိုပါ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများ၌ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် သတ္တမအကြိမ်မြောက် ကျောင်းအခြေပြုသင်တန်းအား ၆.၁.၂ဝ၂၅ ရက်မှ ၁၄.၂.၂ဝ၂၅ ရက်ထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ တက်ရောက်လိုသောသင်တန်းသား (အမျိုးသမီး/အမျိုးသား) များအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ အောက်ပါအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများ သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်း၍ တက်ရောက်နိုင်ကြောင်း အသိပေးဖော်ပြအပ်ပါသည်-

- အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ရန်ကုန်)

အမှတ်-၁၃၅၊ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ဖုန်း- ၀၉-၄၂၇၉၀၀၀၄၆

- အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မန္တလေး)

အမှတ်-၁၆၉၊ ၈၃လမ်း၊ ၂၅ ×၂၆လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ စစ်ကိုင်းတန်းရပ်၊ မန္တလေးမြို့ ၊ ဖုန်း- ၀၂-၄၀၃၆၇၉၈

- အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မော်လမြိုင်)

 ရွှေတောင်ရပ်၊ အထက်လမ်းမကြီးဘေး၊ မော်လမြိုင်မြို့ ၊ ဖုန်း- ၀၅၇-၂၀၂၇၁၆၆

- အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (တောင်ငူ)

အမှတ်(၁၈)ရပ်ကွက်၊စည်သူလမ်း၊ဘူတာအနီး၊တောင်ငူမြို့၊ ဖုန်း-၀၅၄-၂၈၂၃၅၇၁

- အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မြစ်ကြီးနား)

အမှတ်(၉၂)၊ ရှမ်းစုမြောက်ရပ်ကွက်၊ မြစ်ကြီးနားမြို့ ၊ ဖုန်း- ၀၇၄-၂၅၂၂၅၅၈

- အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ဖျာပုံ)

ကျုံကူကျေးရွာ၊ ဖျာပုံ-ဘိုကလေး ကားလမ်းဘေး၊ဖျာပုံမြို့၊ ဖုန်း- ၀၉-၂၆၂၇၅၇၈၉၉

- အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ပုသိမ်)

အမှတ်-၂ရပ်ကွက်၊ မင်းကြီးလမ်း၊ ပုသိမ်မြို့၊ ဖုန်း - ၀၄၂- ၂၅၃၇၃၊ ၀၄၂-၂၁၀၃၇

- အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (စစ်တွေ)

မေယုလမ်း(လေယာဉ်ကွင်းအနီး)၊ မန်ကျည်းမြိုင်ရပ်ကွက်၊ စစ်တွေမြို့၊ ဖုန်း- ၀၄၃- ၂၂၀၆၇

- အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ရွာငံ)

အမှတ်-၈၂ ၊ အင်းကုန်းငါးဆူကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာ၊

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ရွာငံမြို့၊ ဖုန်း- ၀၈၁-၄၇၆၈၀၁၅

- အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ထားဝယ်)

အကွက်အမှတ်(၂၄)၊ ဆန်ချီတိုးချဲ့ အနောက်ကွင်း၊ ထားဝယ်မြို့

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဖုန်း- ၀၅၉-၂၀၂၄၀၀၉

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်၊ ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့။


Posted on Jan 03, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Jan 02, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 01, 2025

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Dec 31, 2024

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်၊ ဒီဇင်ဘာ ၃၀ ရက်၊ တနင်္လာနေ့။


Posted on Dec 30, 2024

၁၃၈၆ ခုနှစ်၊ နတ်တော်လကွယ်နေ့၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Dec 29, 2024
HOT NEWS
January 4,