အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ စိတ္တသုခ ရေဘေးကယ်ဆယ်ရေးစခန်း၌ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများမှ နယ်လှည့်ဆေးကုသမှုများ ဆောင်ရွက်ပေး
အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ စိတ္တသုခ ရေဘေးကယ်ဆယ်ရေးစခန်း၌ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများမှ နယ်လှည့်ဆေးကုသမှုများ ဆောင်ရွက်ပေး
Ministry of Information/ Naypyitaw / September 16, 2024
အုတ်တွင်း စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ စိတ္တသုခရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများက ယနေ့နံနက်ပိုင်းက နယ်လှည့်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျွဲပွဲမြို့၊ စိတ္တသုခရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြည်မြို့နယ်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီး ဒေါက်တာအောင်မင်းဦးအပါအဝင် ကျန်းမာရေးဝန်ထမ်းများမှ ရေဘေးသင့်ပြည်သူ(၈၅)ဦးအား ဆေးကုသပေးခဲ့ကြောင်းနှင့် နယ်လှည့်ဆေးကုသရာတွင် ကျွဲပွဲမြို့၊ မြို့အုပ်ချုပ်ရေးမှူး၊ တိုက်နယ်ဆရာဝန်နှင့် ဝန်ထမ်းများ၊ ရေဘေးကယ်ဆယ်ရေးစခန်း ကြီးကြပ်အဖွဲ့များမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ကျွဲပွဲမြို့ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Jan 14, 2025
သာသနာတော်ထွန်းကာားပြန့်ပွားရေးဦးစီးဌာန၊ ပြင်ပမှခေါ်ယူသော အငယ်တန်းစာရေးရာထူး (၆၆) နေရာ၊ စာပေလက်ထောက်-၄ ရာထူး (၁) နေရာ၊ ပြတိုက်လကထောက်-၄ ရာထူး (၁) နေရာ၊ စာရင်းကိုင်-၄ ရာထူး (၂)...
Posted on Jan 15, 2025ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းခေါ်ယူခြင်း
Posted on Jan 14, 2025မြန်မာစံချိန်စံညွှန်းများ သတ်မှတ်ခြင်း
Posted on Jan 15, 2025မြန်မာစံချိန်စံညွှန်းများ သတ်မှတ်ခြင်း