အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား တပ်မတော်သားများ၊ မိသားစုဝင်များနှင့်အတူ ဒေသခံပြည်သူများက လှိုက်လှဲဝမ်းမြောက်စွာဂုဏ်ပြုကြိုဆို
အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား တပ်မတော်သားများ၊ မိသားစုဝင်များနှင့်အတူ ဒေသခံပြည်သူများက လှိုက်လှဲဝမ်းမြောက်စွာဂုဏ်ပြုကြိုဆို
Ministry of Information/ Naypyitaw / November 08, 2025
နေပြည်တော် နိုဝင်ဘာ ၇
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် အလေးထားဆောင်ရွက်လျက်ရှိသည်နှင့်အညီ တပ်မတော်မှလည်း နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် နယ်မြေလုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ပြည်သူနှင့်အတူ လက်တွဲပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အေးချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူများအား အကြောက်တရားလွှမ်းမိုး၍ အတိဒုက္ခရောက်စေခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပျက်စီးစေရန် ရည်ရွယ်ကာ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ခဲ့သော လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား အပြီးတိုင်တိုက်ထုတ်နိုင်ခဲ့ပြီး မြို့ရွာများကို ဒေသခံပြည်သူများ၏ လက်ဝယ်သို့ ပြန်လည်အပ်နှင်းနိုင်ခဲ့သည့် အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ယနေ့ ညနေပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ရပ်စောကမြို့နယ် နယ်မြေခံတပ်၌ ဝမ်းပန်းတသာ လှိုက်လှိုက်လှဲလှဲကြိုဆိုဂုဏ်ပြုကြသည်။
အကြမ်းဖက်သမားများအား အပြီးတိုင်တိုက်ထုတ်နိုင်ခဲ့ပြီး မြို့ရွာဒေသများကို တည်ငြိမ်အေးချမ်းစေရန်၊ အစိုးရအုပ်ချုပ်ရေးယန္တရားများ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်စေရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးစေရန်၊ နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတာဝန်များကို အချိန်ကာလ ကြာမြင့်စွာ တာဝန်ထမ်းဆောင်၍ ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ကြသော အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ က အောင်သပြေခက်များ၊ ဂုဏ်ပြုပန်းကုံးများ၊ ဂုဏ်ပြုပန်းများဖြင့် ကြိုဆိုဂုဏ်ပြုကြပြီး ရိုးရာအကအဖွဲ့များနှင့် အိုးစည်ဒိုးပတ်အဖွဲ့များကလည်း အတီး၊ အမှုတ်၊ အက၊ အလှများဖြင့် ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
