အေးချမ်းစွာပညာသင်ကြားခွင့်ရရှိရေး အဖျက်အမှောင့်လုပ်ရပ်များတိုက်ဖျက်

အေးချမ်းစွာပညာသင်ကြားခွင့်ရရှိရေး အဖျက်အမှောင့်လုပ်ရပ်များတိုက်ဖျက်


Ministry of Information/ Naypyitaw / July 02, 2025
image_latest


ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်အတွင်း ဇွန်လ ၁၈ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အငြိမ်းစားကျောင်းဆရာမကြီးတစ်ဦး သေဆုံးပြီး တိုက်ပွဲများဖြစ်ပွားသဖြင့် စာသင်ကျောင်း ၂၀ ကျော် ပိတ်ထားရသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းမှားများ မဟုတ်မမှန်လုပ်ကြံစွပ်စွဲ ဝါဒဖြန့်လျက်ရှိသည်ကို တုံ့ပြန်ပြောကြားအသိပေးသည့် သတင်းတစ်ပုဒ်ကို တွေ့ရှိခဲ့သည်။

ဖြစ်စဉ်အမှန်မှာ မင်းလှမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုမရှိကြောင်း သိရသည်။ လက်ရှိတွင် မင်းလှမြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း ၁၂ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၃၆ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၁၀၇ ကျောင်း စုစုပေါင်း ၁၅၅ ကျောင်းရှိသည့်အနက် အခြေခံပညာမူလတန်းလွန်ကျောင်း (ဆားချောင်းလေး) နှင့် အခြေခံပညာမူလတန်းကျောင်းခွဲ (ကျွန်းကုန်း) တို့သာ လုံခြုံရေးအခြေအနေနှင့် အခြားအကြောင်းတို့ကြောင့် ပိတ်ထားခြင်းဖြစ်ပြီး ကျန်စာသင်ကျောင်း ၁၅၃ ကျောင်းတို့ ပုံမှန်အတိုင်းဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် သတင်းတု၊ သတင်းမှားများ၊ မဟုတ်မမှန်လုပ်ကြံသတင်းများရေးသားပြီး အကြမ်းဖက်အဖျက်သမားများက ပညာရေးကဏ္ဍအား ပုံစံအမျိုးမျိုးဖြင့် နှောင့်ယှက်ဖျက်ဆီးနေကြသည်ကို ဖုံးကွယ်ပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များအပေါ် အထင်အမြင်လွဲမှားစေရန် ဝါဒဖြန့်လှုံ့ဆော်မှုများ တစိုက်မတ်မတ် လုပ်ကိုင်လျက်ရှိသည်။ အကြမ်းဖက်အဖျက်သမားနှင့် သောင်းကျန်းသူများသည် ပညာရေးကဏ္ဍကို အစောပိုင်းကတည်းက နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီစတင်ချိန်တွင် မျှော်လင့်မထားသော အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်လာကြသည်ကို ဝမ်းနည်းဖွယ်ကြားသိနေရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကုန်းဘုရား (ညောင်ပင်ကန်) ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း (ခွဲ) မှ ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ခင်ပွန်းဖြစ်သူတို့ လုပ်ကြံသတ်ဖြတ်ခံရခြင်း၊ မကွေးတိုင်းဒေသကြီး စေတုတ္တရာ မြို့နယ်ပွင့်တောက်ကျေးရွာ စက်လှေဆိပ်၌ အထက်တန်းပြဆရာမနှင့် ပညာရေးကောလိပ်တက်ရောက်မည့် ကျောင်းသူများအား အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ခြင်း၊ နတ်မောက်မြို့နယ် ကူနီကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း (မူလွန်) မှ ကျောင်းအုပ်ဆရာမကြီးတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ ဝက်ချုပ်ကျေးရွာတွင် အလယ်တန်းပြဆရာမတစ်ဦးနှင့် ၎င်း၏ခင်ပွန်းတို့ သတ်ဖြတ်ခံရခြင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ဒေသတွင် PDF အမည်ခံ အကြမ်းဖက်သမားများက ကျောင်းဖွင့်ရာသီခြိမ်းခြောက်ခြင်းနှင့် တိုက်ပွဲဖော်ဆောင်မှုကြောင့် အချို့ဒေသများရှိ ကျောင်းများမဖွင့်လှစ်နိုင်သေးခြင်းစသည့် အကြမ်းဖက်သမားတို့၏ လုပ်ရပ်များကိုသာ မကြာခဏကြားသိနေရသည်။

အဆိုပါအကြမ်းဖက်လုပ်ရပ်များသည် အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်၊ လွတ်လပ်စွာပညာသင်ကြားခွင့်နှင့် တည်ငြိမ်အေးချမ်းမှုရရှိခံစားခွင့်စသည့် လူ့အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်ရက်စက်မှုများသာဖြစ်သည်။ ၂၀၁၄ ခုနှစ် အမျိုးသားပညာရေးဥပဒေအရ “နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံသားတိုင်းခံစားရရှိရေး”ကို အလေးအနက် အသိအမှတ်ပြုကာ ပညာရေးနယ်ပယ်အတွင်းရှိ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ လူငယ်များအပါအဝင် ပါဝင်ဆောင်ရွက်လျက်ရှိသူအားလုံး ထိခိုက်နစ်နာမှုမရှိစေရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်သည်။

စာသင်ကျောင်းများအပြင်၊ လမ်း၊ တံတား၊ တာဝါတိုင်များ၊ လူနေအဆောက်အအုံများ၊ ဆေးရုံ၊ ဆေးခန်းများ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများကို ထိခိုက်နစ်နာဆုံးရှုံးစေသည်။ ထိုသို့သော အကြမ်းဖက်လုပ်ရပ်များသည် နိုင်ငံနှင့် ပြည်သူအတွက် ကြီးမားသော ဆုံးရှုံးမှုကိုဖြစ်စေပြီး တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ဆိုးရွားစွာထိခိုက်စေသည့် အန္တရာယ်ဖြစ်ပါသည်။ မည်သည့်အကြမ်းဖက်မှုမဆို ရာဇဝတ်မှုမြောက်ပြီး ဥပဒေမဲ့လုပ်ရပ်ဖြစ်သည်ဟု ကုလသမဂ္ဂနှင့်နိုင်ငံတကာကပါ သတ်မှတ်ထားသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ ခုနှစ် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့်အညီ အကြမ်းဖက်လုပ်ရပ်များကို တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။

သို့ဖြစ်ရာ နိုင်ငံတစ်ဝန်း၌ ငြိမ်းချမ်းစွာ ပညာသင်ယူခွင့်ရရှိစေရန်နှင့် အကြမ်းဖက်လုပ်ရပ်များ လျော့နည်းပပျောက်စေရန် အကြမ်းဖက်သမားများ၏ လူမဆန်သော လုပ်ရပ်များကို သတင်းရရှိပါက တာဝန်သိပြည်သူများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့များထံသို့ လျှို့ဝှက်စွာ အချိန်မီသတင်းပေးပို့ခြင်းနှင့် သက်ဆိုင်သူများ၊ အဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တားဆီးကြပါရန် တိုက်တွန်းအပ်ပါကြောင်း။     ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Posted on Jul 03, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Posted on Jul 03, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 01, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 29, 2025
AnnouncementsExplore more >

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 4, 2025

အမည်မည်းစာရင်းကြေညာခြင်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

Posted on Jul 4, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)

Posted on Jul 3, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)