အေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ ပျဉ်းမနား ဘိုးဘွားရိပ်သာ၊ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့မှ သက်ကြီးပုဂ္ဂိုလ်များအား ချီးမြှင့်ငွေနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်
အေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ ပျဉ်းမနား ဘိုးဘွားရိပ်သာ၊ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့မှ သက်ကြီးပုဂ္ဂိုလ်များအား ချီးမြှင့်ငွေနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်
Ministry of Information/ Naypyitaw / February 11, 2026
နေပြည်တော် ဖေဖော်ဝါရီ ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် အေးငြိမ်းချမ်းသာ ဂိလာနဘိုးဘွားရိပ်သာ၊ ပျဉ်းမနားဘိုးဘွားရိပ်သာနှင့် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့ကို သွားရောက်ပြီး ဘိုးဘွားရိပ်သာများမှ သက်ကြီးပုဂ္ဂိုလ်များအား တစ်ဦးလျှင် ငွေကျပ်ငါးသောင်းနှုန်းဖြင့် လက်ဝယ်အရောက်ပေးအပ်ကာ Standard Dignity Kit များ ပေးအပ်သည်။
ဆောင်ရွက်ပေးလျက်ရှိ
ထိုသို့သွားရောက်စဉ် ပြည်ထောင်စုဝန်ကြီးက သက်ကြီးပုဂ္ဂိုလ်များ ကောင်းမွန်စွာနေထိုင်နိုင်ရန် ဘိုးဘွားရိပ်သာများအား စနစ်တကျစိစစ် တည်ထောင်ခွင့်ပြုလျက်ရှိသကဲ့သို့ သက်ကြီးပုဂ္ဂိုလ်များကို စောင့်ရှောက်နိုင်မည့်သူများအတွက် သင်တန်းများ စီစဉ်ဆောင်ရွက်ပေးခြင်း၊ ရိပ်သာများသို့ ငွေကြေးထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့မှုအပြင် ယခုထပ်ဆောင်း ထောက်ပံ့မှုသည်နေ့စဉ်ဘဝ လိုအပ်ချက်အတွက် အထိုက်အလျောက် အထောက်အကူပြုစေမည်ဖြစ်ကြောင်း ပြောကြားပြီး အဘိုးအဘွားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) မဟာဘွဲ့သင်တန်းသားများအတွက် လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 3, 2026လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026
