အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၂၃ ဦးအား ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၅၃ ဦးအား စစ်ဆေးနိုင်ခဲ့

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၂၃ ဦးအား ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၅၃ ဦးအား စစ်ဆေးနိုင်ခဲ့


Ministry of Home Affairs/ နေပြည်တော် / November 23, 2025


     နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။

     ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက် လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၇၃ ဦးအား ထပ်မံဖော်ထုတ် ထိန်းသိမ်း နိုင်ခဲ့ကာ ပြည်ပနိုင်ငံသား ၂၁၅ ဦးအား စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည်။ ဆက်လက်၍ ရွှေကုက္ကိုလ် နယ်မြေမှ မြဝတီမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ပြည်ပနိုင်ငံသား ၅၀ ဦးအား ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည်။

     သို့ဖြစ်ရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်တွင် စုစုပေါင်း ပြည်ပနိုင်ငံသား ၂၂၃ ဦးအား ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၁၅ ဦးအား စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည်။ ထိုသို့ ရွှေကုက္ကိုလ် နယ်မြေ၌ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၁၇၃ ဦးအား မြဝတီမြို့နယ်၊ ပူလွဲပူ ကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း လုံထင်းဝင်းရှိ အဆောက်အအုံ၌ လည်းကောင်း၊ မြဝတီမြို့၌ ထိန်းသိမ်းထားရှိသည့် ပြည်ပနိုင်ငံသား ၅၀ ဦးအား မြဝတီမြို့၊ နယ်ခြားစောင့်တပ် လုံခြုံရေးနှင့်စည်းကမ်းထိမ်းသိမ်းရေးကွပ်ကဲရေးရုံး၌ လည်းကောင်း ထိန်းသိမ်းထားရှိပြီး တရားမဝင် ပြည်ပနိုင်ငံသား စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီးစီးသည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံ များသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှု တို့ကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူး ဦးကျော်မြင့်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ထိ ရွှေကုက္ကိုလ် နယ်မြေအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ၊ တပ်မတော်နှင့် BGF နယ်ခြားစောင့်တပ်များမှ တာဝန်ရှိသူများက မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာ ရှင်းယုံလီပလာဇာ ၁၂ ထပ် အဆောက်အအုံ ၁ လုံး၊ အလုပ်သမားတန်းလျား ၁ ထပ် အဆောက်အအုံ ၁၄ လုံးနှင့် Arcde Triomphe KTV အမည်ရှိ အဆောက်အအုံ ၂ ထပ် အဆောက်အအုံ ၁ လုံးတို့အား စစ်ဆေးခဲ့ရာ ကျားဖြန့်လုပ်ငန်း ဆောင်ရွက်နေသူများသည် နေထိုင်မှုမရှိတော့ဘဲ ကြိုတင်ထွက်ပြေးသွားသည်ကို တွေ့ရှိရပြီး ၎င်းတို့အသုံးပြုသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ မိုဘိုင်းဖုန်းဟန်းဆက်များကိုလည်း တစ်ပါတည်း ဖြုတ်သိမ်းယူဆောင်သွားကြောင်းနှင့် ရှီကျင်းဝမ် ၄ ထပ် အဆောက်အအုံ ၂၃ လုံးတို့အား စစ်ဆေးခဲ့ရာ ကွန်ပျူတာ၊ မော်နီတာ(ဆက်စပ်ပစ္စည်းမပါ) ၂၄၀ လုံးအား စစ်ဆေးတွေ့ရှိ သိမ်းဆည်းခဲ့သည်။

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှစ၍ တစ်ထပ် အဆောက်အအုံ ၁၆ လုံး၊ နှစ်ထပ် အဆောက်အအုံ ၁ လုံး၊ ၄ ထပ် အဆောက်အအုံ ၂၃ လုံး၊ ၆ ထပ် အဆောက်အအုံ ၂ လုံး၊ ၇ ထပ် အဆောက်အအုံ ၈ လုံး၊ ၉ ထပ် အဆောက်အအုံ ၃ လုံး၊ ၁၂ ထပ် အဆောက်အအုံ ၁၀ လုံး၊ ၁၃ ထပ် အဆောက်အအုံ ၂ လုံး၊ ၁၄ ထပ် အဆောက်အအုံ ၂ လုံး၊ ဂိုဒေါင် ၁ လုံး၊ စုစုပေါင်း အဆောက်အအုံ ၆၇ လုံးနှင့် ဂိုဒေါင် ၁ လုံးတို့အား စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းအဆောက်အအုံများနှင့် ဂိုဒေါင်အတွင်းမှ ကွန်ပျူတာ/မော်နီတာ ၂,၈၉၃ လုံး၊ မိုဘိုင်းဖုန်းဟမ်းဆက် ၂၁,၇၅၀ လုံး၊ Star Link ဘန်း ၁၀၁ လုံးနှင့် Router ၂၁ လုံးတို့အား စစ်ဆေးတွေ့ရှိ၍ ထိန်းသိမ်းထားရှိနိုင်ခဲ့သည်။

     ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ၊ တပ်မတော်နှင့် BGF နယ်ခြားစောင့်တပ်များမှ တာဝန်ရှိသူများသည် နိုဝင်ဘာ ၁၈ ရက်နေ့မှ နိုဝင်ဘာ ၂၁ ရက်နေ့ထိ စစ်ဆေးတွေ့ရှိထိန်းသိမ်းထားသော ကွန်ပျူတာ၊ မော်နီတာ ၂,၆၅၃ လုံး၊ မိုဘိုင်းဖုန်းဟမ်းဆက် ၂၁,၇၅၀ လုံးတို့အား ရွှေကုက္ကိုလ်မြိုင်ကျေးရွာ၊ နှစ်သစ်ကူးကွင်း၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် ဖျက်ဆီးဆောင်ရွက်ခဲ့သည်။

     ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် စုစုပေါင်း ပြည်ပနိုင်ငံသား ၁၂,၄၆၈ ဦးအား ထိန်းသိမ်းနိုင်ခဲ့ကာ ၁၁,၈၉၃ ဦးအား စစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ ၉,၉၇၈ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂,၄၉၀ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

     နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံ များသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။