ဥတ္တရသီရိရေလှောင်တမံ ပြုပြင်ဆောင်ရွက်နေမှုနှင့် ဆင်သေရေလွှဲဆည်အသစ်တည်ဆောက်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ဥတ္တရသီရိရေလှောင်တမံ ပြုပြင်ဆောင်ရွက်နေမှုနှင့် ဆင်သေရေလွှဲဆည်အသစ်တည်ဆောက်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / April 07, 2026
image_latest


နေပြည်တော် ဧပြီ ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူ များနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ကျောက်အိုးချောင်းပေါ်တွင် တည်ရှိသည့် ဥတ္တရသီရိရေလှောင်တမံသို့ သွားရောက်၍ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် မြေသားတမံပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် အကူရေပိုလွှဲအနီးတွင် ရေတံခါးတပ် အရေးပေါ်ရေပိုလွှဲ ထပ်မံဖြည့်စွက်တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရေတံခါးတပ်အရေးပေါ်ရေပိုလွှဲကို အတည်ပြုဒီဇိုင်းပုံစံများအတိုင်း အရည်အသွေးပြည့်မီစွာ အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရန်၊ အရေးပေါ်ရေပိုလွှဲနှင့် မြေသားတမံထိစပ်သောနေရာများတွင် မြေပြန်ဖို့ရာ၌ မြေသားသိပ်သည်းမှု ကောင်းမွန်စေရန်အတွက် အလွှာအလိုက် တစ်ဆင့်ချင်း စနစ်တကျဆောင်ရွက်ရန်၊ မြေသားတမံပြုပြင်ခြင်းလုပ်ငန်းတွင် အပေါ်ယံမြေလွှာများအား စနစ်တကျဖယ်ရှားရန်၊ မြေသားများ ပြန်လည် ဖို့ကြိတ်ရာတွင်လည်း သင့်လျော်ကောင်းမွန်သည့် မြေအမျိုးအစားဖြင့် အလွှာလိုက်ဖို့၍ သိပ်သည်းမှုကောင်းအောင် စနစ်တကျဆောင်ရွက်ရန်၊ တမံအခြေရှိ ရေစစ်ကျောက်ရိုးကို အရည်အသွေးကောင်းမွန်သည့် ကျောက်များဖြင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြုပြင်ဆောင်ရွက်ရန်၊ တမံမှ ရေစစ်လွှာများနှင့် ရေစစ်ကျောက်ရိုးတို့အား ကောင်းမွန်စွာချိတ်ဆက် မိစေရေး ဂရုပြုဆောင်ရွက်ရန်၊ ဆည်အတွင်း ရေသိုလှောင်မှု လျော့နည်းနေသည့်အချိန်တွင် ပြုပြင်ခြင်းဖြစ်သောကြောင့် တမံအတွင်း စုဆောင်းပြီး ရေများကို လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ မြို့ရေပေးဝေ ရေးအတွက် သုံးစွဲနိုင်ရေးနှင့် လုပ်ငန်းအမြန်ဆုံး ပြီးစီးအောင်ဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးမှာကြားသည်။

ဥတ္တရသီရိရေလှောင်တမံသည် ရေဆင်းဧရိယာဧက ၁၅၀၀၊ တမံအမြင့်ပေ ၆၀၊ တမံအလျားပေ ၁၁၂၀ ရှိ မြေသားတမံအမျိုးအစားဖြစ်ပြီး ဥတ္တရသီရိမြို့နယ်အတွင်းရှိ ပြည်သူများ သောက်သုံးရေဖူလုံစွာ ပေးဝေနိုင်ရေးအတွက် ၂၀၀၈-၂၀၀၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ရာ သက်တမ်းအားဖြင့် ၁၇ နှစ်ရှိပြီဖြစ်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းရေး)မှ တာဝန်ယူ ထိန်းသိမ်းထားသော တမံတစ်ခုဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် သရက်ကွင်းကျေးရွာအနီး ဆင်သေရေလွှဲဆည် အသစ် တည်ဆောက်မည့်နေရာသို့ရောက်ရှိရာ တာဝန်ရှိသူများက ဆင်သေရေလွှဲဆည်အသစ် တည်ဆောက်ခြင်းလုပ်ငန်းအား ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အကြိုတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေလွှဲဆည်အူကြောင်း (Alignment) ရွေးချယ်ထားရှိမှု၊ သတ်မှတ်ဒီဇိုင်းပုံစံအရ မြေပြင်အနေအထားနှင့် ကိုက်ညီမှုရှိ မရှိအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ သတ်မှတ် Schedule အစီအစဉ်များအတိုင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဆင်သေရေသောက်စနစ် လက်ယာမြောင်းမကြီးနှင့် လက်ဝဲမြောင်းမကြီး လက်တံ (၁) မြောင်း အဖျားပိုင်းအထိ နွေစပါးနှင့်် နွေအခြားသီးနှံ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

ဆင်သေရေလှောင်တမံအနေဖြင့် ယခုနှစ် ၂၀၂၅-၂၀၂၆ နွေသီးနှံရာသီတွင် နွေစပါးနှင့် နွေ အခြားသီးနှံ လျာထားဧကပေါင်း ၁၁၅၈၀ ရှိသည့် အနက် ယနေ့အထိ နွေစပါး ဧက ၈၄၈၈ ဧကနှင့် နွေ အခြားသီးနှံ ဧက ၈၈၀ ကို စိုက်ပျိုးရေပေးဝေထားရှိ ပြီး ကျန်ဧကများကိုလည်း စိုက်ပျိုးရေဆက်လက် ပေးဝေလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Posted on Apr 09, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 08, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Posted on Apr 07, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Posted on Apr 06, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 05, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026
AnnouncementsExplore more >

မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery...

Posted on Apr 3, 2026

မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Posted on Apr 6, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Posted on Apr 6, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-