ဥပဒေရေးရာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးအသိပညာမျှဝေဆွေးနွေးပွဲ ကျင်းပ

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးအသိပညာမျှဝေဆွေးနွေးပွဲ ကျင်းပ


Ministry of Information/ Naypyitaw / July 18, 2024
image_latest


နေပြည်တော် ဇူလိုင် ၁၇

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ဥပဒေရေးရာဝန်ကြီးဌာန၏ အသိပညာမျှဝေဆွေးနွေးပွဲကို “ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာရဲမြင့်က “ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါအကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သံလွင်ထွန်းက “How to fight Age Related Problems” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ သတိပြုလိုက်နာဆင်ခြင်ရမည့် ဆောင်ရန်၊ ရှောင်ရန်များ၊ ရာသီအပြောင်းအလဲကြောင့် ကျန်းမာရေးအပေါ်တွင် သက်ရောက်နိုင်သည့်အချက်များကို ရှင်းလင်းကြရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့ပြင် ဥပဒေရေးရာဝန်ကြီးဌာနရှိ သတ်မှတ်နေရာများ၌ နေပြည်တော် သွားနှင့်ခံတွင်း အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာခင်မောင် ဦးဆောင်သောအဖွဲ့က ဥပဒေရေးရာဝန်ကြီးဌာနရှိ အရာထမ်း/အမှုထမ်းများ၏ သွားနှင့် ခံတွင်းဆိုင်ရာရောဂါများ စစ်ဆေးကုသပေးခြင်းနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ တွဲဖက်ပါမောက္ခ ဒေါက်တာခင်စန္ဒာ ဦးဆောင်သောအဖွဲ့က ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Posted on Feb 05, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။


Posted on Feb 04, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။


Posted on Feb 03, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။


Posted on Feb 02, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။


Posted on Feb 01, 2025

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။


Posted on Jan 31, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Feb 4, 2025

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း

Posted on Feb 4, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း