ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်မြို့ပေါ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး၊ စိုက်ပျိုးရေရရှိရေး တူးမြောင်းနှင့်ရေတံခါးဆောက်လုပ်နေမှုများအားကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်မြို့ပေါ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး၊ စိုက်ပျိုးရေရရှိရေး တူးမြောင်းနှင့်ရေတံခါးဆောက်လုပ်နေမှုများအားကြည့်ရှုစစ်ဆေး
Ayeyarwaddy Region Government/ ပုသိမ် / February 25, 2025
ပုသိမ် ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် (၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများနှင့် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့ရှိ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ စက်တော်ရာဘိုးဘွားရပ်သာဝန်းအတွင်း တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး သန့်ရှင်းရေး လုပ်ငန်းများအား အပတ်စဉ်သာမကနေ့စဉ်ဆောင်ရွက်ကြရန်၊ ဘုရား၊ စေတီ၊ ပုထိုးများအား ကြည်ညိုဖွယ်ရာဖြစ်စေရေး၊ ရောင်ခြည်တော်ဖွင့်ခြင်း၊ ရေသပ္ပါယ်ခြင်းနှင့်သန့်ရှင်းသာယာမှုရှိစေရေး၊ ဘုရားဖူးလာရောက်သူများအားစိတ်အေးချမ်းသာယာမှုရှိစေရေး ဆောင်ရွက်ထားရှိရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှုရှိစေရေး မြေယာရှုခင်းများစနစ်တကျ ပြုလုပ်ဆောင်ရွက်ရန်၊ ရေစီးရေလာကောင်းမွန်စေရေး၊ သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းရေး၊ ပြည်သူလူထု အပန်းဖြေနေရာများ၊ ပန်းခြံများ သန့်ရှင်းသပ်မှုရှိစေရေး၊ ပန်းပေါင်းဝေဆာပြီး မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပရေး၊ အမှိုက်များအားစနစ်တကျစွန့်ပစ်စေရေးနှင့် ပြည်သူများပူးပေါင်း ပါဝင်စေရေးမှာကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများတွင်လည်း တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများစုပေါင်း၍ အိမ်၊ လမ်း၊ ရွာ၊ ကျောင်းသန့်ရှင်းစေရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် သာပေါင်းမြို့နယ် အောင်တပ်ကျေးရွာအုပ်စုရှိ ပုဇွန်ထူရိုးချောင်းတူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက မြောင်းအရှည်(၆၀၀)ပေရှိပြီး တူးမြောင်းဘေးဝဲယာရှိ အကျိုးပြုဧက(၁၅၀)ဧကအား အကျိုးပြုနိုင်မည်ဖြစ်ကြောင်းနှင့် တူးမြောင်းတူးဖော်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေရရှိပြီဖြစ်၍ မြေလွတ်မြေလပ်မကျန်စိုက်ပျိုးရန်၊ စိုက်ပျိုးမြေများကိုအကျိုးရှိစွာအသုံးချရန်၊ နွေစပါးအပါအဝင်သီးနှံစုံစိုက်ပျိုးကြရန်နှင့်အထွက်တိုးမျိုးများအသုံးပြုကြရန်နှင့်လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ ပုသိမ်မြို့ တဲကြီးကုန်းလမ်းဘေးဝဲယာတွင် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော ပလက်ဖောင်းနှင့် ကတ်တုန်းကြားရှိ မြက်ခင်းပြင်များ စိမ်းလန်းစိုပြေရေးနှင့် လမ်းဘေးဝဲယာတစ်လျှောက်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကာ မြို့သန့်ရှင်းသာယာလှပရေးအတွက် အလေးထားဆောင်ရွက်ရန်၊ မြတ်ခင်းများ၊ ပန်းအလှအင်များဖြင့် စိမ်းလန်းစိုပြေနေစေရေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များမှာကြားခဲ့သည်။
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက်၊ ဖေဖော်ဝါရီ ၂၅ ရက် ၊အင်္ဂါနေ့။
Posted on Feb 24, 2025
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၄ ရက် ၊တနင်္လာနေ့။
Posted on Feb 23, 2025
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက် ၊တနင်္ဂနွေနေ့။
Posted on Feb 23, 2025
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်၊ ဖေဖော်ဝါရီ ၂၁ ရက် ၊သောကြာနေ့။
Posted on Feb 21, 2025
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်၊ ဖေဖော်ဝါရီ ၂၀ ရက် ၊ကြာသာပတေးနေ့။
Posted on Feb 20, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုစာရင်းချုပ်ရုံး၊ လျှောက်လွှာခေါ်ယူခြင်း
Posted on Feb 24, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အခွန်ဌာနမှ အသိပေးကြေညာခြင်း
Posted on Feb 24, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အခွန်ဌာနမှ အသိပေးကြေညာခြင်း