ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပေါ်ဆန်းဖိုရမ်-၂၀၂၅ စကားဝိုင်းဆွေးနွေးပွဲနှင့် ပေါ်ဆန်းပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပေါ်ဆန်းဖိုရမ်-၂၀၂၅ စကားဝိုင်းဆွေးနွေးပွဲနှင့် ပေါ်ဆန်းပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / March 10, 2025
ပုသိမ် မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်-၂၀၂၅ စကားဝိုင်းဆွေးနွေးပွဲနှင့် ပေါ်ဆန်းပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင်များ၊ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ တောင်သူကြီးများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများနှင့်တောင်သူများက vedio conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပေါ်ဆန်းဖိုရမ်-၂၀၂၅ ဒုတိယနေ့ နေ့လည်ပိုင်းအစီအစဉ်အရ ”ဧရာဝတီပေါ်ဆန်း တစ်ခေတ်ဆန်းရမည်” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝဏ္ဏထွန်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ပြီး စိုက်ပျိုးရေးပညာရှင် ဦးမြင့်သိန်း၊ ဆန်စက်လုပ်ငန်းရှင် ဦးအောင်ကြည်စိုး၊ မော်လမြိုင်ကျွန်းမြို့နယ်မှ ပေါ်ဆန်းစပါးစိုက်တောင်သူ ဦးတင်အောင်သန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်း၊ ဧရာပုသိမ်မျိုးစေ့ထုတ်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနအရာရှိ ဒေါ်ဖြူပြာလွင်၊ သာပေါင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင် ဦးဇော်ဝင်းထွန်းတို့က ပေါ်ဆန်းစပါး မျိုးကောင်း၊ မျိုးသန့်များရရှိရေး၊ ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ နည်းပညာဆိုင်ရာ သုတေသန၊ ဒေသတွင်းထုတ်ကုန်သုတေ သန၊ စျေးကွက်သုတေသနလုပ်ငန်းများ၊ စျေးကွက်ခိုင်မာမှု၊ ထုပ်ပိုးမှု၊ ပေါ်ဆန်းသီးသန့် စိုက်ပျိုးရေးဇုန်များထူထောင်ရေး၊ ပေါ်ဆန်းစျေးကွက်အလားအလာများ၊ ဒေသဆိုင်ရာ အညွှန်းနှင့် ပတ်သက်၍ သိကောင်းစရာများဖြစ်သော မူပိုင်ခွင့်ဆိုင်ရာဥပဒေများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တောင်သူကြီးများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များက ပြန်လည်ဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးခဲ့သည်။ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေကြီးစီးမှူးနှင့် မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပေါ်ဆန်းပြိုင်ပွဲနှင့်ပတ်သက်၍ အမှတ်ပေးဒိုင်တစ်ဦးက အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ် -၂၀၂၅ (၂)ရက်တာ ကျင်းပရာတွင် အဓိကပါဝင်ခဲ့သော စာတမ်းရှင်များနှင့် ပေါ်ဆန်းပြိုင်ပွဲတွင် ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်း ဖြင့် ပထမဆုရရှိသော ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာအုပ်စု တောင်သူဦးကြည်ခိုင်စိုး တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုချီးမြှင့်ငွေများကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း၊ စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများနှင့် ပေါ်ဆန်းပြိုင်ပွဲတွင် ဒုတိယ ဆုရရှိသော ဝါးခယ်မမြို့နယ် ကျုံပေါက်ကျေးရွာမှ တောင်သူဦးဆန်းဝင်းတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုချီးမြှင့်ငွေများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကလည်းကောင်း၊ ပေါ်ဆန်းပြိုင်ပွဲတွင် တတိယဆုရရှိသော လပွတ္တာမြို့နယ် ဆားကျင်းကျေးရွာ တောင်သူဦးဆန်းထွန်းမြင့်နှင့် အထူးဆုရရှိသူများအား တိုင်းဒေသကြီး တရားသူကြီးချုပ်ကလည်းကောင်း၊ ပေါ်ဆန်းပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဝေသည့် ရေဆင်းပေါ်ဆန်း-၁၊ ရေဆင်းပေါ်ဆန်း-၂နှင့် ရွှေနံ့သာပေါ်ဆန်း- ၂ စပါးမျိုးများ အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပေးအပ်ရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ လက်ခံရယူခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်-၂၀၂၅ ကျင်းပခြင်းနှင့်ပတ်သက်၍ သုံးသပ်အကြံပြု စကားပြောကြားရာတွင် "ပေါ်ဆန်းဖိုရမ်ကျင်းပခြင်းဖြင့် တောင်သူများအတွက် များစွာအကျိုးရှိ သောကြောင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ပေါ်ဆန်းစပါးစိုက်ပျိုးရာတွင် လိုအပ်သည့် နည်းပညာများကို စိုက်ပျိူးရေးဦးစီးဌာနဝန်ထမ်းများထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ ဧရာဝတီပေါ်ဆန်း အရည်အသွေးပိုမိုကောင်းမွန်လာစေရေးအတွက် ထုတ်လုပ်မှုအရည်အသွေး မြှင့်တင်ရေး၊ မျိုးစေ့စနစ်များခိုင်မာစေရေး၊ ဈေးကွက်ရရှိမှုချဲ့ထွင်ရေး၊ လယ်သမားများ၏ အမြတ်အစွန်းမြှင့်တင်ရေး၊ ရာသီဥတုခံနိုင်ရည်မြှင့်တင်ရေး ဝိုင်းဝန်းကြိုးစားသွားရမည် ဖြစ်ကြောင်း” အကြံပြုစကား ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က "ပေါ်ဆန်းဖိုရမ်-၂၀၂၅ ကို ကျင်းပခြင်းဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ပေါ်ဆန်းစိုက်တောင်သူများအပြင် vedio conferencing စနစ်ဖြင့်တက်ရောက်လာသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများနှင့်တောင်သူများအတွက်လဲ များစွာအကျိုးရှိမည်ဖြစ်ပြီး လိုအပ်ချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဒုတိယဝန်ကြီး ဦးဆောင်သော စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ပညာရှင်များနှင့် ကျရာအခန်းကဏ္ဍများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် တန်ဖိုးကွင်းဆက်တစ်ခုလုံးအား ကျေးဇူးအထူးပင်တင်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် ဧရာဝတီပေါ်ဆန်းအရည်အသွေး ပြန်လည်ကောင်းမွန် စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပေါ်ဆန်းဖိုရမ်မှရရှိသွားသော အသိပညာများကို လာမည့်ရာသီတွင် လက်တွေ့အသုံးချကာ အရည်အသွေးပြည့်ဝသော ပေါ်ဆန်းစပါးများရရှိရေး တောင်သူကြီးများမှ ကြိုးစားသွားကြရန်လိုကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာဖြင့် ပြည်တွင်းစားသုံးမှုဖူလုံရေး၊ ပို့ကုန်နှစ်ဆတင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ဧရာဝတီပေါ်ဆန်း တစ်ခေတ်ဆန်းအောင် တက်ညီလက်ညီဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ” နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ပေါ်ဆန်းဖိုရမ်သို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၉/၂၀၂၅)
Posted on Mar 7, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၉/၂၀၂၅)
ညစ်ညမ်းစာများကို ထုတ်ဝေ၊ ဖြန့်ချိခဲ့သည့်အတွက် လုပ်ငန်းပိတ်သိမ်းထားသော ထုတ်ဝေသူများစာရင်းအား အသိပေးကြေညာခြင်း
Posted on Mar 10, 2025၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အောက်ဖော်ပြပါ ပုံနှိပ်သူနှင့် ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါ ညစ်ညမ်းစာများကိုဖော်ပြခြင်း၊ စည်းကမ်းချက်ကို ဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သောအကြောင်းအရာများကို ထုတ်ဝေ၊ ဖြန့်ချိခဲ့ကြောင်းတွေ့ရှိရပါသည်-
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံများသို့ သွားရောက်သည့်...
Posted on Mar 9, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကြီး H.E. Mr. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko တို့၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ် မတ် ၃ ရက်တွင် သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သောကောင်းမွန်သည့် ရလဒ်များရအောင် ဆွေးနွေးနိုင်ခဲ့သည်။