ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ငွေဆောင်မြို့ ယမုံနာဦးဟိုတယ်တွင်ပြုလုပ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၄)မျိုး ဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ငွေဆောင်မြို့ ယမုံနာဦးဟိုတယ်တွင်ပြုလုပ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၄)မျိုး ဖွင့်ပွဲအခမ်းအနားတက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / June 10, 2025
ပုသိမ် ဇွန် ၉
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှကြီးကြပ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏စီစဉ်မှုဖြင့်ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၄)မျိုး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ငွေဆောင်မြို့၊ ယမုံနာဦးဟိုတယ်တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဟိုတယ်ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်သော တိုင်းဒေသကြီးဖြစ်ပြီး ယခင်နှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေများ၊ အထင်ကရနေရာများ၊ တန်ခိုးကြီးဘုရားစေတီပုထိုးများသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်(၁၆)သိန်းကျော် စံချိန်တင်လာရောက် လည်ပတ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အတွက် ခရီးစဉ်အသစ်များဖော်ထုတ်ခြင်း၊ ချောင်းသာ၊ ရွှေသောင်ယံ၊ ငွေဆောင်၊ ဂေါ်ရန်ဂျီ ကမ်းခြေများကို အခြေခံ၍ ခရီးသွားဇုန်များ ဖော်ထုတ်ဆောင်ရွက်နိုင်ခဲ့သဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်လျက်ရှိကြောင်း၊ ငွေဆောင်ကမ်းခြေသည် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်သည့် ကမ်းခြေ တစ်ခုဖြစ်ပါကြောင်း၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလာသည်နှင့်အညီ ခရီးသွားလုပ်ငန်း များကို အထောက်အကူပြုသော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများမှာလည်း အရေးကြီး ပါကြောင်း၊ ငွေဆောင်ဟိုတယ်ဇုန် အနေဖြင့် ဟိုတယ်များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း(၈၄၁)ဦးရှိသည့်အနက် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း တက်ရောက်ပြီးသည့် ဝန်ထမ်း (၄၄၂)ဦးရှိပြီး သင်တန်း တက်ရန်ကျန် ဝန်ထမ်း (၃၉၉) ဦးရှိသဖြင့် သင်တန်းတက်ပြီး သည့် ဝန်ထမ်းအင်အား (၅၂.၅၆) ရာခိုင်နှုန်းရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးလျက်ရှိသည့် ခရီးသွားလုပ်ငန်း၏တိုးတက်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်ရေး၊ အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ၊ ဟိုတယ်လုပ်ငန်းသုံး ဘာသာစကားသင်တန်းများကို နှစ်စဉ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခရီးသွားဧည့်သည်များ၏ ခရီးစဉ် တစ်လျှောက်လုံး ၎င်းတို့ပေးရသည့် တန်ဖိုးနှင့်လျော်ညီသည့် ဝန်ဆောင်မှုကို ပေးနိုင်မှသာ စိတ်ကျေနပ်မှုနှင့် ပျော်ရွှင်ဖွယ်ရာခရီးစဉ်ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းသို့ တက်ရောက်ကြသော သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့သင်ယူသည့်ဘာသာရပ်တွင် အမှတ်တကယ်တတ်မြောက် ကျွမ်းကျင်အောင် ကြိုးစား၍ လေ့လာသင်ယူသွားကြရန်နှင့် မိမိတို့၏ ဟိုတယ်နှင့် ကမ်းခြေဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန်” တိုက်တွန်း အမှာစကား ပြောကြားခဲ့ ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနမှ ခရီးစဉ်ဒေသများ ဈေးကွက်မြှင့်တင် ကြော်ငြာရေးအတွက် စီစဉ်ရိုက်ကူး ထားပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနရှိ TV Channel များတွင် ထုတ်လွှင့်ပေးလျက်ရှိသည့် ငွေဆောင်ကမ်းခြေဒေသ ခရီးစဉ်မှတ်တမ်း Video Clip ကြည့်ရှုခဲ့ပြီး အမှတ်တရစုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းဆရာများက ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း တွင် သင်ကြားပို့ချပေးမည့် သင်တန်း(၄)မျိုးမှ သင်ရိုးညွှန်းတမ်းများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၄)မျိုးကို ငွေဆောင်ဟိုတယ်ဇုန်၏ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍအတွင်းရှိ ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဟိုတယ်များမှ ပြီးပြည့်စုံသောဝန်ဆောင်မှုများပေးနိုင်ရေးအတွက် ရည်ရွယ်၍ ဇွန်လ(၉)ရက်နေ့မှ ဇူလိုင်လ(၄)ရက်နေ့အထိ Food & Beverage(Service)၊ Food & Beverage(Production)၊ Front Office နှင့် Housekeeping သင်တန်းများကို သင်တန်း(၁)မျိုးလျှင် သင်တန်းသား(၃၀)ဦးစီဖြင့် သင်တန်း(၄)မျိုးအတွက် သင်တန်းသားစုစုပေါင်း (၁၂၀)ဦးကို တစ်လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။
သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံးနှင့် စက်ရုံလုပ်ငန်းများအတွက် အလုပ်ခေါ်ယူခြင်း
Posted on Jun 7, 2025သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ဘွဲ့ရရှိပြီး၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံးနှင့် စက်ရုံလုပ်ငန်းများတွင် အလုပ် ဝင်ရောက်လိုသော သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကျောင်းသား/သူများ ရှိပါက လျှောက်လွှာမိတ္တူနှင့် လိုအပ်သောအချက်အလက်များကို သင်တန်းရေးရာဌာနသို့ သတ်မှတ်ရက်အမီပေးပို့ရမည်ဖြစ်ပါသည်။
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၅)
Posted on Jun 10, 2025ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၅)