ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်ပြုလုပ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်၊ ရွှေထွန်းကုမ္ပဏီလီမိတက်၏ လယ်ယာသုံးစက်ကိရိယာအရောင်းဆိုင် ကန်ကြီးထောင့်ရုံးခွဲအသစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်ပြုလုပ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်၊ ရွှေထွန်းကုမ္ပဏီလီမိတက်၏ လယ်ယာသုံးစက်ကိရိယာအရောင်းဆိုင် ကန်ကြီးထောင့်ရုံးခွဲအသစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / June 20, 2025


ပုသိမ် ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့်ပြုလုပ်သော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးလုပ်ငန်း ကော်မတီ၏ အဲယားကွန်းတပ်ဆင်/ပြုပြင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ကျင့်ရေးသင်တန်းကျောင်း(ပုသိမ်) တွင်ပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေး လုပ်ငန်းကော်မတီအနေဖြင့် မိသားစုများ ဝင်ငွေကောင်းမွန်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျွမ်းကျင်မှု သင်တန်းတွေ ဖွင့်လှစ်သင်ကြားပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကလေးအလုပ်သမားပပျောက်စေရန်အတွက် လူမှုအကာအကွယ်များ ပေးသကဲ့သို့ မိသားစုများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် အရွယ်ရောက်သူများအတွက် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်များရရှိစေရန်ရည်ရွယ်၍ ယခုကဲ့သို့ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပေးနေရခြင်း ဖြစ်ပါကြောင်း၊ အဲယားကွန်း တပ်ဆင်/ပြုပြင်ခြင်းလုပ်ငန်းသည် ဝင်ငွေကောင်းမွန်သောလုပ်ငန်းဖြစ်ရုံသာမက စွမ်းအင်အသုံးချပညာရပ်များ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာဗဟုသုတများကိုပါ လေ့လာသင်ယူ ခွင့်ရသောကြောင့် သင်တန်းသားများအတွက်သာမက နိုင်ငံတော်အတွက်ပါ အကျိုးကျေးဇူးရရှိသောသင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းကျောင်းကစနစ်တကျ သင်ကြားပို့ချပေးသည်များကို လေ့လာမှတ်သား၍ လုပ်ငန်းခွင်တွင် ထိရောက်စွာ အသုံးချနိုင်မည်ဆိုပါက အောင်မြင်သည့် လုပ်သားကောင်းတစ်ယောက်၊ ပညာရှင်တစ်ယောက် ဖြစ်လာနိုင်မည်ဖြစ်၍ သင်တန်းပြီး သည်အထိ ကြိုးစားသင်ယူသွားကြရန်လိုပါကြောင်း ” တိုက်တွန်းပြောကြားခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ သင်ကြားရေးအထောက် အကူပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါသင်တန်းကို ယခုလ(၁၉)ရက်နေ့မှဇူလိုင်လ(၁၈)ရက်နေ့အထိ ရက်သတ္တလေးပတ်ကြာ သင်တန်းသား(၂၀)ဦးအား သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတစ်ရာကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာတွင်ပြုလုပ်သည့် ရွှေထွန်းကုမ္ပဏီလီမိတက်၏ လယ်ယာသုံးစက်ကိရိယာအရောင်းဆိုင် ကန်ကြီးထောင့်ရုံးခွဲအသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး ကုမ္ပဏီအတွင်းပြသထားသော လက်စွဲကောက်စိုက်စက်၊ ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ မီးစက်၊ ဆိုလာ၊ အင်ဗာတာ၊ ဘတ်ထရီ၊ Car and Spare Parts၊ စပါးရိတ်စက်၊ လင်ဗန်းထယ်၊ တမန်းလှေ၊ တစ်ဘီးမောင်း အစရှိသည့် လယ်ယာသုံးစက်ပစ္စည်းများနှင့်အပိုပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက သိရှိလိုသည်များကို လိုက်လံရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


Posted on Jun 18, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Jun 17, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Jun 16, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 15, 2025
AnnouncementsExplore more >

မြန်မာနိုင်ငံပြန်တမ်း

Posted on Jun 20, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Jun 17, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

HOT NEWS
January 4,