ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ အပတ်စဉ်(၄၀) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျုတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ အပတ်စဉ်(၄၀) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျုတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့တက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / June 20, 2025
ပုသိမ် ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများသည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် သူနာပြုနှင့်သားဖွား သင်တန်းကျောင်း၊ ပုသိမ်၊ အပတ်စဉ်(၄၀) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြသူနာပြုသင်တန်းကျောင်းများတွင် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲများကို ကျင်းပ လျက်ရှိပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်သူများဖြစ်ပါကြောင်း၊ ကျေးလက်ဒေသနေ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆောင်ရွက်နိုင်ရန် သူနာပြု၊ သားဖွားများသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်သူများဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခံရသည့် အချိန်မှစ၍ သူနာပြုတစ်ဦး၏ အဆောင်အယောင်နှင့် လျော်ညီသော သူနာပြုကျင့်ဝတ်၊ လိုက်နာရမည့် စည်းကမ်း၊ ထားရှိရမည့်သူနာပြုစိတ်ထား၊ မြင့်မြတ်သောခံယူချက်များနှင့်အတူ အမှန်စင်စစ် သူနာပြု-သားဖွားများပီသစွာ သူနာပြုစုမှု လုပ်ငန်းများကိုတာဝန်ကျေကျေ ထမ်းဆောင်သွားကြ ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍသည်အရေးကြီးသည်နှင့်အမျှ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သော၊ မျိုးချစ်စိတ်ဓာတ်ပြည့်ဝသော နိုင်ငံ့အကျိုးပြု သူနာပြုကောင်းများပေါ်ထွန်း လာစေရန် ရည်ရွယ်၍ အဖက်ဖက်ကဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးလျှက် ရှိပါကြောင်း၊ယခုကဲ့သို့ စိတ်ဓာတ်ကောင်း၊ အလေ့အကျင့်ကောင်းများမှသည် ဖလောရင့်စ်နိုက်တင်ဂေးလ်ကဲ့သို့ အများက လေးစားအတုယူရသည့်သူနာပြု-သားဖွား ဆရာမကောင်းများကို ဂုဏ်ယူစွာဆက်လက်မွေးထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ၂၀၂၄ ဒီဇင်ဘာလတွင် ခန့်အပ်လိုက်သော သူနာပြုသင်တန်းကျောင်း(၃)ကျောင်းမှ သစ်လွင်သူနာပြုများသည် ငလျင် ဘေးသင့်ဒေသများသို့ သွားရောက်ကူညီ ထမ်းဆောင်နိုင်ခဲ့သည်ကိုသိရှိရပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှမွေးထုတ်ပေးသော သစ်လွင်သူနာပြုများဖြစ်သည့်အတွက် တိုင်းဒေသကြီးအတွက်ရော၊ နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ထိုကဲ့သို့ ကောင်းမွန်သည့် အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းသွားကြရန်နှင့် ယခုကဲ့သို့ စိတ်ဓာတ်ကောင်းသော၊ ကိုယ်ကျိုးမကြည့်သော သူနာပြု ဆရာ/ဆရာမကောင်းများ ထပ်မံမွေးထုတ်သွားနိုင်ရန်လည်း တိုက်တွန်းမှာကြားလိုပါကြောင်း၊ သင်တန်းပြီးဆုံးသည့်အခါတွင်လည်း နေရာဒေသမရွေး ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ဆထက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း” ပြောကြားသည်။
ထို့နောက် ပုသိမ်မြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအုပ်ကြီး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု)၊ ပုသိမ်ပြည်သူ့ဆေးရုံ ကြီးမှ သူနာပြုအုပ်ကြီးတို့က သင်တန်းသူများအား ဦးဆောင်းများကိုလည်းကောင်း၊ ပုသိမ်မြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအုပ်က သင်တန်းသားများအား ဂျူတီကုတ်များကို လည်းကောင်း အသီးသီးအပ်နှင်းခဲ့ပြီးသင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်ဆုရရှိသည့် ပထမနှစ် သင်တန်းသူများအား ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့် ငွေများကိုပေးအပ်ရာ ပုသိမ်မြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက ထူးချွန်ဆုရရှိသည့် ဒုတိယနှစ်မှ သင်တန်းသူများကို ဆုများဆက်လက်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပုသိမ်) အပတ်စဉ်(၄၀) သူနာပြု-သားဖွား ဒီပလိုမာသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၇၆)ဦးအား ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံ ကြီးသို့ သွားရောက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Mobile Operating Room အား ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် လက်တွေ့ တည်ဆောက်ထားမှုအားကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြပါသည်။ အဆိုပါ Operating Room တွင် လေသွင်း အဆောက်အဦ၊ ခွဲစိတ်ခုတင်၊ မီးစလောင်း၊ နှလုံးနှိုးစက်၊ အီးစီးဂျီ၊ မော်နီတာစက်၊ ပိုးသန့်စင်စက် စသည်ဖြင့် ခွဲစိတ်ခန်းအတွက်လိုအပ်သောပစ္စည်းများ စုံလင်စွာပါဝင်ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံပြန်တမ်း
Posted on Jun 20, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Jun 17, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့က ၂၇-၆-၂၀၂၅ ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုစာရင်း
Posted on Jun 17, 2025