ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြန်အောင်ခရိုင်၊ အင်္ဂပူ- ညောင်ကျိုးလမ်း လမ်းသစ်ဖောက်လုပ်ရန်အတွက် လျာထားလမ်းအူကြောင်းများအားကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြန်အောင်ခရိုင်၊ အင်္ဂပူ- ညောင်ကျိုးလမ်း လမ်းသစ်ဖောက်လုပ်ရန်အတွက် လျာထားလမ်းအူကြောင်းများအားကြည့်ရှုစစ်ဆေး
Ayeyarwaddy Region Government/ ပုသိမ် / June 26, 2025
ပုသိမ် ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ အင်္ဂပူ-ညောင်ကျိုးလမ်းသည် မိုင် ၇/၄မှ ၇/၆ အတွင်း ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြီးလမ်းသားပြိုကျခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူ-ညောင်ကျိုးလမ်း၊ မိုင်၇/၀-၈/၀အတွင်းငဝန်မြစ်ရေတိုက်စားမှု ကြောင့် ကမ်းပြိုပြီးလမ်းသားပြိုကျပျက်စီးသွားမှုအားကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) က လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေးလမ်းအူကြောင်းသစ်ရှာဖွေခြင်းလုပ်ငန်းကိုဆောင်ရွက်ရာလမ်းအူကြောင်း(၃)ခုလျာထားခဲ့မှုအခြေအနေများ၊ အင်္ဂပူ - ညောင်ကျိုးလမ်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်(၇ မိုင် ၃.၇၅ ဖာလုံ )အရှည်ရှိ ညောင်ကုန်း - ဝက်လဟာ -ကညင်တပင်လမ်းအားမြေသားတာဘောင်ချဲ့ခြင်း၊အမာခံလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပေးမည် ဆိုပါကအချိန်တိုအတွင်းပြီးစီးနိုင်မည်ဖြစ်ပြီးလမ်းပန်းဆက်သွယ်မှုလျင်မြန်စွာကောင်းမွန်လာနိုင်မည့်အခြေအနေများအားလည်းကောင်း၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးက အင်္ဂပူ-ညောင်ကျိုးကားလမ်းဘက်သို့နှစ်အလိုက် မြစ်ရေတိုက်စားကမ်းပြိုမှုဖြစ်ပွားခဲ့သည့်အခြေအနေများ၊ ကမ်းပြိုမှုမှ ထိရောက်စွာကာကွယ်နိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ရန်ပုံငွေတွင် လျာထားဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေရှည်အသုံးပြုနိုင်မည့်လမ်းကြောင်းအား သေချာစွာစိစစ်ရွေးချယ်နိုင် ရေးဆောင်ရွက်ရန်၊ ယာယီအရေးပေါ်ကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် အခိုင်အမာကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ စေရေးအတွက်ရှေးရှုဆောင်ရွက်ရန်မှာကြားပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ မကျီးစုကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား ကျောင်းပတ်ဝန်းကျင် သန့်ရှင်းမှုရှိစေရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ခြင်များ ပေါက်ဖွားနိုင်သည့် နေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများ နှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့ပြီး ဆရာ၊ ဆရာများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ နောက်မီး(အရှေ့)ကျေးရွာရှိ တောင်သူဦးစံထူးအောင်၏ စိုက်ဧက(၃၀)ဧကတွင် စိုက်ပျိုးထားသည့် နှမ်းနက်စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး ပိုးမွှားမကျရောက်စေရေး၊ ရိတ်သိမ်းချိန်လေလွင့်မှုမရှိစေရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းမှုရှိစေရေး၊ ရေမြောင်းများ ရေစီး ရေလာကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ခြင်များ ပေါက်ဖွားနိုင်သည့် နေရာ များတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများ နှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့ပြီး ဆရာ၊ ဆရာများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူများ၏ မိဘများနှင့်တွေ့ဆုံ၍ ကျောင်းအပ်နှံတက်ရောက်မှုအခြေအနေများ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ စိမ်းလန်းစိုပြေရေး စုပေါင်းဆောင်ရွက်ရန်၊ ကလေးငယ်များကျန်းမာရေး ကောင်းမွန်စေရေးအထားဆောင်ရွက်ရန်နှင့် ကျောင်းနေအရွယ်ကလေးများအားလုံးကျောင်းတက်ရောက်စေရေးအလေးထားဆောင်ရွက်ရန်အားပေးစကားများပြောကြားခဲ့သည်။
ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်း ခေါ်ယူခြင်း
Posted on Jun 26, 2025အများပြည်သူသို့ အသိပေးကြေညာချက်
Posted on Jun 25, 2025၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Jun 25, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း