ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၃၈)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၃၈)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားတက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / June 27, 2025
ပုသိမ် ဇွန် ၂၆
(၃၈)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားများကို မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ကျင်းပနေချိန်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာသည် နိုင်ငံတစ်နိုင်ငံလူမျိုးတစ်မျိုးအနေဖြင့် ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာမျိုးမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအသီးသီးနှင့်သက်ဆိုင်ပြီး လူသားတစ်ရပ်လုံးနှင့် အကျုံးဝင်ရင်ဆိုင်နေသည့် ပြဿနာဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာနှင့်အဝှမ်း မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုနှင့် အလွဲသုံးမှုများ မြင့်တက်လာခြင်းကြောင့် နိုင်ငံအသီးသီး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်ပျက်စီးစေလျက်ရှိပြီး လူသားမျိုးနွယ်အတွက် ဆိုးရွားသည့်အန္တရာယ်ကျရောက်စေမည့် စိန်ခေါ်မှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအနေဖြင့် ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့အထိ အမှုပေါင်း (၂၀၁)မှု၊ တရားခံ ကျား (၂၉၁)ဦး၊ မ (၂၅)ဦး၊ ပေါင်း (၃၁၆) ဦးကိုဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများဖြစ်သည့် စိတ်ကြွရူးသွပ်ဆေးပြား (၅၀၂၁၇) ပြား၊ စိတ်ကြွရူးသွပ် ဆေးပြားအကြေ (၈) ဂရမ်၊ ဆေးခြောက် (၁၈၃၀.၅) ဂရမ်၊ ကတ်တမင်း (၂၃၂၅) ကီလိုဂရမ်၊ Happy Water (၄၀)ဂရမ်၊ အိုက်စ် (၃၂၄၂.၈) ကီလိုဂရမ် သိမ်းဆည်းနိုင်ခဲ့ကာ ဥပဒေနှင့်အညီအရေးယူထားရှိပါကြောင်း၊ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ ကောင်းသည်ဆိုသည့် ဆောင်ပုဒ်အတိုင်း မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ထိရောက်အောင် ဆောင်ရွက်နိုင်မှ အနာဂတ်လူငယ်များ၏ဘဝ ကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ လူငယ်များသည် နိုင်ငံ၏အနာဂတ်ဖြစ်သည်နှင့်အညီ မူးယစ် ဆေးဝါးသုံးစွဲမှုမှ ကင်းဝေးစေရန်အတွက်အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုအပ်မှာဖြစ်ပါကြောင်း၊ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိသည့် ပြည်သူပြည်သားများကလည်း တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များနှင့်အတူ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်းများမှာ ယခုထက်ပိုပြီးပူးပေါင်းပါဝင် ဆောင်ရွက်သွားကြဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကို အမြစ်ပြတ်တိုက်ဖျက်ချေမှုန်းနိုင်ရန် အတွက် တိုင်းရင်းသားပြည်သူလူထုအပေါင်းတို့မှ အမျိုးသားရေးတာဝန်သိစိတ်ဖြင့် ပူးပေါင်း ပါဝင်ပြီး တက်ညီလက်ညီ ကြိုးပမ်းကာကွယ်တိုက်ဖျက် ဆောင်ရွက်သွားကြရန်လိုပါကြောင်း” တိုက်တွန်းအမှာစကားများပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့ (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သည့်သဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က ဖတ်ကြားသည်။ ထို့နောက် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ ပမာဏများပြားသည့် မူးယစ် ဆေးဝါးများဖမ်းဆီးရမိမှုတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့သော အရာရှိ/စစ်သည်၊ ရဲတပ်ဖွဲ့ဝင် များနှင့် အရပ်သားများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ် ချီးမြှင့်ခဲ့သည်။ ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်း ဗွီဒီပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူး၍ (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်ပြသထားသည့် မူယစ်ဆေးဝါး အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Jun 28, 2025မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် ( ၁၉ - ၆ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီများမှ ဈေးနှုန်းအနည်းဆုံးဖြင့် မှတ်တမ်းတင်ထားရှိပါသည် -
ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)နှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်း ခေါ်ယူခြင်း
Posted on Jun 26, 2025အများပြည်သူသို့ အသိပေးကြေညာချက်
Posted on Jun 25, 2025၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) " ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။