ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်စုပေါင်းရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်စုပေါင်းရုံး အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်


Ayeyarwaddy Region Government/ ပုသိမ် / July 07, 2025


ပုသိမ် ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်စုပါင်းရုံး RCCသုံးထပ်အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အဆိုပါ စုပေါင်းရုံးအဆောက်အဦရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ မြန်အောင်ခရိုင်စုပါင်းရုံး RCCသုံးထပ်အဆောက်အဦသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် မြန်အောင်ခရိုင်စုပေါင်းရုံးသစ်ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်အဖြစ် သစ်ပင်များစိုက်ပျိုးပေးခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ မြန်အောင်ခရိုင်စုပေါင်းရုံး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ မြန်အောင်ခရိုင်စုပေါင်းရုံး ရုံးခန်းများဖွဲ့စည်းထားရှိမှုနှင့် မြန်အောင်ခရိုင်အတွင်း သုံးနှစ်တာကာလ ဆောင်ရွက်မှတ်တမ်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ခရိုင်စုပေါင်းရုံးများ ဖွင့်လှစ်ဆောင်ရွက်နိုင်သည့်အတွက် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားလည်ပတ်မှုကို ပိုမိုအထောက်အကူဖြစ်စေပြီးခရိုင်အတွင်းရှိ အစိုးရဌာနဆိုင်ရာများကို တစ်နေရာတည်းတွင် စုပေါင်းတည်ရှိခြင်းဖြင့် သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းများကို အချိတ်အဆက်မိမိထိရောက်စွာလုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းအား ပိုမိုအောင်မြင်အောင်ဆောင်ရွက်နိုင်စေရေးအတွက် ကျုံပျော်ခရိုင်နှင့် မြန်အောင်ခရိုင်တို့အား ထပ်မံတိုးချဲ့ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား ထောက်တိုင်များဖြစ်ကြသော ကဏ္ဍရပ်အသီးသီးမှ ဌာနဆိုင်ရာများအနေဖြင့် အချိတ်အဆက်မိမိ ထိထိရောက်ရောက်လုပ်ဆောင်နိုင်လာသည်နှင့်အညီ လုပ်ငန်းဆောင်ရွက်မှုများ စနစ်တကျဖြစ်လာပြီး အစိုးရဌာနများအကြား အပြန်အလှန်ဆက်သွယ်ညှိနှိုင်းမှု တိုးတက်လာကာ ပြည်သူများ၏ လိုအပ်ချက်အား အချိန်တိုတွင်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အပြင် သွားလာရေးအခက်အခဲကိုပါ လျှော့ချပေးနိုင်သည့်အတွက် စုပေါင်းရုံးများ ပေါ်ပေါက်လာခြင်းသည် စီမံခန့်ခွဲမှုစရိတ်များကို သက်သာစေနိုင်ပြီး အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါကြောင်း၊ စုပေါင်းရုံးဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်၍ သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဌာနအလိုက် ရည်မှန်းချက်တာဝန်များအား ပိုမိုအောင်မြင်အောင်ဆောင်ရွက်သွားကြရန်၊ မိမိတို့၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပြီးစည်းလုံးညီညွတ်စွာ ခရိုင်စုပေါင်းရုံးအား ရေရှည်တည်တံ့စေရေး၊ ပျက်စီးယိုယွင်းမှုများ မရှိစေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန်လိုအပ်ပြီး စည်းလုံးညီညွတ်စွာ ခရိုင်စုပေါင်းရုံးအား ရေရှည်တည်တံ့စေရေး၊ ပျက်စီးယိုယွင်းမှုများ မရှိစေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန်နှင့် ရုံးပတ်ဝန်းကျင်ကိုသန့်ရှင်းသပ်ရပ်ကာ စိမ်းလန်းစိုပြေ စေရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုပါကြောင်း” အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ Myanmar Development Co; Ltd မှ တာဝန်ရှိသူက အထိမ်းအမှတ်အလံနှင့် မြန်အောင်ခရိုင် အုပ်ချုပ်ရေးမှူးထံသို့ အဆောက်အဦနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်း ပေးအပ်ခဲ့သည်။ မြန်အောင်ခရိုင်စုပေါင်းရုံးသည် စတုရန်းပေ(၂၈၁၀၀) RCC သံကူကွန်ကရစ်(၃)ထပ်အဆောက်အဦဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေနှင့် ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် တည်ဆောက်ခြင်းဖြစ် ကြောင်းသိရသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၊ ဇူလိုင် ၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 09, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။


Posted on Jul 08, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။


Posted on Jul 07, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 06, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။


Posted on Jul 05, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Posted on Jul 03, 2025
AnnouncementsExplore more >

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း

Posted on Jul 9, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

Posted on Jul 8, 2025

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 4, 2025

အမည်မည်းစာရင်းကြေညာခြင်း