ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ချောင်းသာမြို့ AZURAဟိုတယ်တွင်ပြုလုပ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၄)မျိုး ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ချောင်းသာမြို့ AZURAဟိုတယ်တွင်ပြုလုပ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၄)မျိုး ဖွင့်ပွဲအခမ်းအနားတက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / July 08, 2025


ပုသိမ် ဇူလိုင် ၇

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှကြီးကြပ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့်ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၄)မျိုး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချောင်းသာမြို့၊ AZURAဟိုတယ်တွင်ပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဟိုတယ်ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သော တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ခရီးစဉ်အသစ်များဖော်ထုတ်ဆောင်ရွက်နိုင်ခဲ့သဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များပိုမိုလာရောက်လည်ပတ်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ရန်ကုန်မြို့နှင့်အနီးဆုံးဖြစ်သောကြောင့် ကမ်းခြေဒေသများသို့ လာရောက်လည်ပတ်မှုများပြား ပါကြောင်း၊ ခရီးသွားဧည့်သည်များပေးရသည့်တန်ဖိုးနှင့်ညီမျှသည့် ဝန်ဆောင်မှုများပေးရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်ရေး (MSMEs)လုပ်ငန်းများ ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်များဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဟိုတယ်ဇုန်များ သန့်ရှင်းသာယာလှပရေးအတွက် Green Zoneများ ဖော်ဆောင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကမ်းခြေသာယာလှပရေးအတွက်လည်း အမှိုက်(၄)မျိုးခွဲခြားစွန့်ပစ်သည့် စနစ်ဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးလျက်ရှိသည့်ခရီးသွားလုပ်ငန်း၏ တိုးတက်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ၊ ဟိုတယ် လုပ်ငန်းသုံးဘာသာစကားသင်တန်းများကို နှစ်စဉ်ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းသို့ တက်ရောက်ကြသော သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့သင်ယူသည့်ဘာသာရပ်တွင် အမှတ်တကယ် တတ်မြောက် ကျွမ်းကျင်အောင် ကြိုးစား၍ လေ့လာသင်ယူသွားကြရန်နှင့် မိမိတို့၏ဟိုတယ်နှင့် ကမ်းခြေဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြရန်” တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနမှ ခရီးစဉ်ဒေသများ ဈေးကွက်မြှင့်တင် ကြော်ငြာရေးအတွက် စီစဉ်ရိုက်ကူးထားပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနရှိ TV Channel များတွင် ထုတ်လွှင့်ပေးလျက်ရှိသည့် ချောင်းသာ ကမ်းခြေဒေသခရီးစဉ်မှတ်တမ်း Video Clip ကြည့်ရှုခဲ့ပြီး အမှတ်တရစုပေါင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၄)မျိုးကို ချောင်းသာဟိုတယ်ဇုန်၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်းရှိ ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြင့်မားရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဟိုတယ်များမှပြီးပြည့်စုံသောဝန်ဆောင်မှုများပေးနိုင်ရေး အတွက် ရည်ရွယ်၍ ဇူလိုင်လ(၇)ရက်နေ့မှ ဩဂုတ်လ( ၁)ရက်နေ့အထိ Food & Beverage (Service)၊ Food & Beverage (Production)၊ Front Office နှင့် Housekeeping သင်တန်းများ အတွက် သင်တန်းသားစုစုပေါင်း (၁၃၈)ဦးကို လေးပတ်ကြာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် သည်။ ယခုရာသီသည် မိုးတွင်းကာလဖြစ်သော်လည်း ချောင်းသာကမ်းခြေသို့ ခရီးသွားဧည့်သည် များ လာရောက်လည်ပတ်လျက်ရှိကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းသို့ သွားရောက်၍ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအား ပုသိမ်ဇုန်တွင်အုပ်စုပွဲစဉ်အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေးနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲအား အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရေးအတွက် ဘောလုံးကွင်းပြင်ဆင် ဆောင်ရွက်နေမှု၊ ထမင်းစားဆောင်နှင့် ကစားသမားများတည်းခိုဆောင်များကိုလည်းကောင်း၊ ကိုးသိန်းအားကစားခန်းမတွင် ပိုက်ကျော်ခြင်းနှင့်မြန်မာ့သိုင်းအားကစားသမား၏ လေ့ကျင့်နေမှုများအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများအား ကစားကွင်းဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အဆောင်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သန့်ရှင်းသောအစားအသောက်များဖြစ်စေရေးနှင့် လျှပ်စစ်မီးကြိုးများစနစ်တကျသွယ်တန်းထားရှိ ရေးတို့မှာကြားခဲ့ပြီးနောက် ဒိုင်အဖွဲ့ဝင်များတည်းခိုနေထိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်းခိုမှုများအဆင်ပြေစေရေး လိုအပ်သည်များဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်းသိရသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၊ ဇူလိုင် ၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 09, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။


Posted on Jul 08, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။


Posted on Jul 07, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 06, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။


Posted on Jul 05, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Posted on Jul 03, 2025
AnnouncementsExplore more >

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း

Posted on Jul 9, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

Posted on Jul 8, 2025

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 4, 2025

အမည်မည်းစာရင်းကြေညာခြင်း