ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြောင်းမြပညာရေးဒီဂရီကောလိပ်တွင် ပြုလုပ်သည့် ပင်မကျောင်းဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမနှင့် စားရိပ်သာအဆောက်အဦ ပန္နက်ရိုက်ခြင်းအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မြောင်းမြပညာရေးဒီဂရီကောလိပ်တွင် ပြုလုပ်သည့် ပင်မကျောင်းဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမနှင့် စားရိပ်သာအဆောက်အဦ ပန္နက်ရိုက်ခြင်းအခမ်းအနားတက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / August 20, 2025
ပုသိမ် ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြောင်းမြပညာရေးဒီဂရီကောလိပ်အတွင်း (၂၁၀ပေ x ၁၀၆ပေ) RC ၃ထပ်ပင်မကျောင်းဆောင်၊ (၁၂၀ပေ × ၅၀ပေ) RC ၁ထပ်ခွဲဘွဲ့နှင်းသဘင်ခန်းမနှင့် (၁၄၀ပေ x ၆၀ပေ) RC၂ထပ် စားရိပ်သာတည်ဆောက်ခြင်း ပန္နက်ရိုက်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ သတ်မှတ်ထားသည့်မြေနေရာ အသီးသီးတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများ နှင့်အတူ တက်ရောက်၍ ပန္နက်များရိုက်ပေးခဲ့သည်။ ဦးစွာ တာဝန်ယူဆောက်လုပ်မည့်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အဆောက်အဦဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က " အဆောက်အဦ ဆောက်လုပ်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ရမည့်အပြင် အဆောက်အဦ အရည်အသွေး ပြည့်မီရေးအတွက် ငလျင်ဒဏ်ခံနိုင်ရေးကိုပါ ထည့်သွင်းတွက်ချက် ဆောက်လုပ်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်" မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန္နက်ရိုက်မည့် သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီးနောက် မင်္ဂလာအချိန်တွင် အသီးသီးပန္နက်ရိုက်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက် ၊ သြဂုတ် ၂၁ ရက်၊ ကြာသပတေးနေ့။
Posted on Aug 21, 2025
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက် ၊ သြဂုတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Aug 20, 2025
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက် ၊ သြဂုတ် ၁၇ ရက်၊ တနင်္ဂနွေနေ့။
Posted on Aug 17, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများ၊ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်များနှင့်စပ်လျဉ်း၍...
Posted on Aug 21, 2025ပြည်ပရောက်မဲဆန္ဒရှင်များမှ ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်မည့် နေ့ရက်၊ အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို သက်ဆိုင်ရာ သံရုံးများသို့...
Posted on Aug 21, 2025ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ်များ သတ်မှတ်ကြေညာခြင်း
Posted on Aug 21, 2025ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ်များ သတ်မှတ်ကြေညာခြင်း