ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမြောင်းမြမြို့၊ မြစိမ်းရောင်တောင်သာသနာ့နယ်မြေအတွင်း ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးအဆင့် (သတ္တမအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမြောင်းမြမြို့၊ မြစိမ်းရောင်တောင်သာသနာ့နယ်မြေအတွင်း ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးအဆင့် (သတ္တမအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားတက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / August 20, 2025
ပုသိမ် ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများသည် မြောင်းမြမြို့၊ မြစိမ်းရောင်တောင် သာသနာ့နယ်မြေအတွင်းပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် (သတ္တမအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ယခုနှစ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်စေရေး၊ လေကောင်းလေသန့်ရရှိစေရေးနှင့် ဘုရားဖူးခရီးသွား ပြည်သူများ စိတ်အေးချမ်းစွာ လည်ပတ်စေနိုင်ရေး၊ သစ်တောသစ်ပင်ရိပ်အောက်မှာ နားခိုအပန်းဖြေစေနိုင်ရေး ရည်ရွယ်ချက်များဖြင့် မြစိမ်းရောင်တောင် သာသနာ့နယ်မြေမှာ ယခုကဲ့သို့သစ်ပင်စိုက်ပျိုးပွဲကျင်းပရ ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိ သဘာဝသစ်တောများရေရှည်တည်တံ့စေရေး၊ သစ်တောဖုံးလွှမ်းမှု တိုးတက်လာပြီး စိမ်းလန်းစိုပြည်လှပစေရေး၊ ရာသီဥတုကောင်းမွန် မျှတစေရေး၊ သဘာဝဘေးအန္တရာယ်များ ကာကွယ်တားဆီးရေးတို့အတွက် သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းအား ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်ကဲ့သို့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်” တိုက်တွန်းမှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့ကဦးဆောင်၍ သစ်ပင်များအားစုပေါင်း စိုက်ပျိုးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်သာသနာ့နယ်မြေတွင်ပြုလုပ်သည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ကညင်၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မျောက်ငို၊ မန်ဂျန်ရှား၊ ကံ့ကော်၊ ခရေ၊ ပိတောက် စသည့် သစ်မျိုး(၈)မျိုး၊ ပျိုးပင်(၁,၂၅၃)ပင်တို့ကို စိုက်ပျိုးခဲ့ကြောင်းသိရသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကော်ဖီပျိုးပင်များပေးအပ်ပွဲနှင့် မိုးရာသီကော်ဖီ(သီးနှံ)စိုက်ပျိုးပွဲအခမ်းအနားသို့တက်ရောက်၍ ကော်ဖီပျိုးပင်များပေးအပ်ကာ ပျိုးပင်များစိုက်ပျိုးပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစိမ်းရောင်တောင် သာသနာ့ နယ်မြေတွင်ပြုလုပ်သည့် “သုဓမ္မာဇရပ်”ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ရာ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးက ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် "သုဓမ္မာ" ဇရပ် ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး “သုဓမ္မာ”ဇရပ်အား လှည့်လည်ကြည့်ရှုခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြင်းကဆိပ်ကျေးရွာအုပ်စု၊ ထန်းပင်ချောင်းကျေးရွာရှိ ပိုင်ရှင်ဦးလင်းလင်း၏ ဘဲခြံ၌ ဘဲမဒမ်းကောင်ရေ (၁၈၀၀)မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ရာ ဘဲခြံပိုင်ရှင်က ဘဲသားပေါက်ရရှိမှု၊ အစာကျွေးမွေးမှု၊ နေ့စဉ် ဥထုတ်လုပ်မှု၊ ဈေးကွက်အတွင်း တင်ပို့ရောင်းချမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဘဲကောင်ရေတိုးချဲ့ မွေးမြူနိုင်ရေး၊ ဈေးကွက်အတွင်း ပိုမိုဖြန့်ဖြူးရောင်းချနိုင်ရေးတို့ကို မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း ဖူဆယ်ဘောလုံးကွင်းတစ်ကွင်း တည်ဆောက်နိုင်ရေးအတွက် မြေနေရာအားကြည့်ရှု စစ်ဆေးခဲ့ရာ အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းဦးစီးမှူးက ဖူဆယ်ဘောလုံးကွင်း ဖော်ထုတ်မည့်မြေနေရာနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့်လျာထားလုပ်ငန်းများကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖူဆယ်ဘောလုံးကွင်း အင်္ဂါရပ်နှင့် ညီညွတ်စေရေးအတွက် လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက် ၊ သြဂုတ် ၂၁ ရက်၊ ကြာသပတေးနေ့။
Posted on Aug 21, 2025
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက် ၊ သြဂုတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Aug 20, 2025
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက် ၊ သြဂုတ် ၁၇ ရက်၊ တနင်္ဂနွေနေ့။
Posted on Aug 17, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများ၊ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်များနှင့်စပ်လျဉ်း၍...
Posted on Aug 21, 2025ပြည်ပရောက်မဲဆန္ဒရှင်များမှ ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်မည့် နေ့ရက်၊ အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို သက်ဆိုင်ရာ သံရုံးများသို့...
Posted on Aug 21, 2025ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ်များ သတ်မှတ်ကြေညာခြင်း
Posted on Aug 21, 2025ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ်များ သတ်မှတ်ကြေညာခြင်း