ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင်ပြုလုပ်သည့် ၂၀၂၅ -၂၀၂၆ ဆောင်းနေကြာ မျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင်ပြုလုပ်သည့် ၂၀၂၅ -၂၀၂၆ ဆောင်းနေကြာ မျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်ကြည့်ရှုအားပေး


Ayeyarwaddy Region Government/ ပုသိမ် / December 09, 2025


ပုသိမ် ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆင်လမ်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျကျေးရွာ တောင်သူဦးသိန်းစိုး၏ စိုက်ဧက(၁၀)ဧကတွင် ၂၀၂၅-၂၀၂၆ ဆောင်းနေကြာ မျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲ အခမ်းအနားကို (၇.၁၂.၂၀၂၅) ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ တောင်သူများအား နေကြာမျိုးစေ့ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ ဂျုံးဂျုံးကျကျေးရွာ တောင်သူဦးသိန်းစိုး၏ စိုက်ဧက(၁၀)ဧကတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ဆောင်းနေကြာ မျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲ အခမ်းအနားသို့တက်ရောက်၍ တောင်သူများအား နေကြာမျိုးစေ့များပေးအပ်ကာ Super Sun-41 နေကြာမျိုး စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီးနောက် တောင်သူများနှင့်တွေဆုံ၍ ”တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် မျိုးရွေးချယ်မှုများ စနစ်တကျဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်းနှင့် မြေဩဇာကျွေးခြင်း၊ ရေပေးခြင်းများစနစ်တကျဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ပိုသတ်ဆေးများ သုံးစွဲရာတွင် နည်းစနစ် မှန်မှန်ကန်ကန်ဖြင့် စနစ်တကျ ကိုင်တွယ်သုံးစွဲကြရန်လိုအပ်မည့်အပြင် နည်းစနစ် မှန်မှန်ကန်ကန်ဖြင့် စနစ်တကျ ကိုင်တွယ်သုံးစွဲကြရန်လိုအပ်မည့်အပြင် လျော့ချသုံးစွဲရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် ပိုမိုဖြစ်ထွန်းသည့် ဒေသများတွင် တိုးချဲ့စိုက်ပျိုးရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း လေးသွယ်ကို အခြေခံဆောင်ရွက်ကြရမည့်အပြင် ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ဖြင့် စိုက်ပျိုးကြရမည် ဖြစ်ပါကြောင်းနှင့် နေကြာစိုက်ပျိုးမှုစံနမူပြဖြစ်အောင် စိုက်တိုးမြှင့်အဖွဲ့များနှင့် တောင်သူများက ကြိုးပမ်းဆောင်ရွက်လိုပါကြောင်း” ဆွေးနွေးပြောကြားကာ တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။