ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်မြို့၊ တေဇရပ်ကွက်၊ ဗန္ဓုလလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားနှင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်မြို့၊ တေဇရပ်ကွက်၊ ဗန္ဓုလလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားနှင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့တက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / December 23, 2025


ပုသိမ် ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်မြို့၊ တေဇရပ်ကွက်၊ ဗန္ဓုလလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ကွန်ကရစ်လမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်ထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ဒုတိယအင်ဂျင်နီယာမှူးကြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ကျုံပျော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူပူးပေါင်းထည့်ဝင်ငွေဖြင့် ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည်(၈၆၈)ပေ၊ အကျယ်(၁၂)ပေနှင့် ထု(၆)လက်မရှိကြောင်းသိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ကျုံပျော်မြို့၊ တေဇရပ်ကွက်၊ အောင်ဇေယျလမ်းရှိ၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကျုံပျော်မြိုနယ်သည် ကရင်တိုင်းရင်းသားအများစုနေထိုင်သည့် မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ တိုင်း‌ေဒသကြီးအား စိုက်ပျိုးရေးတွင် စံပြတိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ ဧရာဝတီပေါ်ဆန်းအရည်အသွေးကောင်းမွန်ရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ တောင်သူများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်စဉ်တောင်သူလယ်သမားနေ့ရောက်တိုင်း သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ဆွေးနွေးပွဲများပြုလုပ်၍ ရလာဒ်များအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရေငန်ဝင်ရောက်သည့် ဒေသများတွင် ရေငန်ဒဏ်ခံ စပါးမျိုးများစိုက်ပျိုးခြင်း၊ ရေချိုများသိုလှောင်၍ သီးနှံများစိုက်ပျိုးနိုင်ရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ ရေငန်တားတာများဆောင်ရွက်ပေးခြင်းနှင့် ရေထိန်းတံခါးများကိုလည်းပြုလုပ်ပေးလျက်ရှိပြီး တောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍများတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရိုးပြတ်ကျန်ဧကများဖော်ထုတ်၍ သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအားများ နှစ်အလိုက် ပိုမိုတိုးတက်စိုက်ပျိုးနိုင်‌ေရး ကြိုးပမ်း‌ေဆာင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးကိစ္စရပ်များကိုလည်း ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း” ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်က“ ယခုလ(၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်ပါကြောင်းနှင့် မိမိတို့၏ နိုင်ငံအပေါ်ချစ်မြတ်နိုးပြီး နိုင်ငံအပေါ်သစ္စာရှိသည့်ခေါင်းဆောင်မျိုး၊ အရည်အချင်းရှိသော ခေါင်းဆောင်မျိုးကို မိမိတို့၏ တန်ဖိုးရှိသည့် အသဲကြားမှမဲတစ်ပြားဖြင့် ရွေးချယ်ပေးကြရန်လိုပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်လျက်ရှိပြီး တိုင်းရင်းသားအားလုံး ဥမကွဲ၊ သိုက်မပျက် စည်းစည်းလုံးလုံးနေထိုင်‌၍ တစ်ဦးကိုတစ်ဦး ဖေးမကူညီရန်လိုပါကြောင်း””ဆွေးနွေးပြောကြားသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။