ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်၊ ထန်းကျွန်းဆိပ်သာအုပ်စုအတွင်းရှိ အမှတ်(၁၈)မြောင်း အပိုင်း(၂)တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်၊ ထန်းကျွန်းဆိပ်သာအုပ်စုအတွင်းရှိ အမှတ်(၁၈)မြောင်း အပိုင်း(၂)တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး
Ayeyarwaddy Region Government/ ပုသိမ် / January 15, 2026
ပုသိမ် ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ထန်းကျွန်းဆိပ်သာအုပ်စုအတွင်းရှိ အမှတ်(၁၈)မြောင်း အပိုင်း(၂)တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ထန်းကျွန်းဆိပ်သာအုပ်စုအတွင်းရှိ အမှတ်(၁၈)မြောင်း အပိုင်း(၂)တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ရှိသူများက ထန်းကျွန်းဆိပ်သာအုပ်စုအတွင်းရှိ အမှတ်(၁၈)မြောင်းတူးဖော်ခြင်းလုပ်ငန်း အပိုင်း(၁) အလျား(၁.၅)မိုင်၊ အကျယ်(၃၆)ပေ၊ ပျှမ်းမျှအနက်(၇)ပေအား မိုးရာသီကာလမတိုင်မီအတွင်း ပြီးစီးအောင်ဆောင်ရွက်ပေးခဲ့သဖြင့် လယ်မြေဧက(၂၇၀၀)ကျော်အား ရေကြီးနစ်မြှုပ်မှုလျော့နည်းသက်သာစေသည့်အပြင် ရေကျနောက်စိုက်စပါးများ စိုက်ပျိုးချိန်ပိုမိုစောလျင်လာစေပြီး သီးထပ်စိုက်ပျိုးနိုင်သည့်အခြေအနေများ၊ အမှတ်(၁၈)မြောင်းတူးဖော်ခြင်းလုပ်ငန်း အပိုင်း(၂)အား အလျား(၂)မိုင်၊ အကျယ်(၃၆)ပေ၊ ပျှမ်းမျှအနက်(၇)ပေအား ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်ကာ မိုးစပါးစိုက်ဧက (၅၀၀၀)ကျော်အား ရေကြီးနစ်မြှုပ်မှုသက်သာစေခြင်း၊ ရေကျနောက်စိုက်စပါးများ စိုက်ပျိုးချိန်ပိုမိုစောလျင်လာစေပြီး နွေစပါးစိုက်ဧက(၁၈၀၀)ကျော်အား အောင်ရေရရှိစေနိုင်မည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ ရေမြောင်းတူးဖော်ပြီးပါက မြောင်းတာဘောင်များ၊ မြေလွတ်များတွင် ရာသီအလိုက် သီးနှံများစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထန်းကျွန်းကျေးရွာ၊ တောင်သူဒေါ်အေးဆန်းပျို၏ ပေါ်ဆန်းစပါးစိုက်ဧက( ၂၀) ဧကတွင် စပါးရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးမှထွက်ရှိသည့် ပေါ်ဆန်းအရည်အသွေး ကောင်းမွန်စေရေးအတွက် ဒေသခံတောင်သူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ ဧရာဝတီပေါ်ဆန်းအား တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မျိုးကောင်းမျိုးသန့်များအသုံးပြု၍ တိုးချဲ့စိုက်ပျိုးနိုင်ရေးမှာကြားခဲ့သည်။တစ်ဧကထွက်နှုန်းနှင့်စပါးဈေးရရှိနေမှုအပေါ် တောင်သူများ၀င်ငွေပိုမိုရရှိလာသဖြင့် လာမည့်မိုးစပါးရာသီတွင် ပေါ်ဆန်းမွှေးစပါးပိုမိုတိုးချဲ့စိုက်ပျိုးရန် တောင်သူများ စိတ်၀င်တစားကြိုတင်ပြင်ဆင်နေကြပြီဖြစ်ကြောင်းသိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
