ဧရာဝတီတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပြည်သူများ ဆန္ဒမဲပေးနေမှုအား ကြည့်ရူအားပေး
ဧရာဝတီတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပြည်သူများ ဆန္ဒမဲပေးနေမှုအား ကြည့်ရူအားပေး
Ministry of Information/ Naypyitaw / January 25, 2026
ဇလွန် ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၂၅ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပရာ ပြည်သူများလာရောက် မဲပေးနေမှုကို ဧရာဝတီတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေသည်။
တိုင်းဒေသကြီးဝန်ကြီးက ပြည်သူများ စိတ်အေးချမ်းစွာ မဲပေးနိုင်ရေးအတွက် အတွင်းအပြင်လုံခြုံရေး ဆောင်ရွက်ထားမှု၊ မဲစာရင်း ကြေညာထားရှိမှုနှင့် မီးဘေးလုံခြုံရေး စီမံထားရှိမှုတို့အား စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဇလွန်မြို့နယ်တွင် နိုင်ငံရေးပါတီ (၅)ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၅)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၅)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၄)ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်(၄)ဦးနှင့် ရခိုင်တိုင်းရင်းသား လူမျိုး လွှတ်တော်ကိုယ်စားလှယ် (၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
