ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Hotel & Tourism/ နေပြည်တော် / January 28, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်  မော်တော်ယာဉ်နှင့် ဆိုင်ကယ်၏ မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
      ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ပုသိမ်-ဟင်္သာတကားလမ်း မိုင်တိုင်အမှတ် ၀ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ညောင်တုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ပုသိမ်မြို့မှ ဟင်္သာတမြို့ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်နေ သန့်ဇင်(၃၃)နှစ် မောင်းနှင်လာသည့် YGN-12/5E-XXXX LIGHT TRUCK မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ ညောင်တုန်းမြို့နယ်၊ အောက်စုကျေးရွာနေ စိန်ဝင်းလှိုင်(၁၆)နှစ် မောင်းနှင်ပြီး ကျီးကန်းသိုက်ကျေးရွာနေ ပိုင်သူစိုး(၂၅)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့သဖြင့် စိန်ဝင်းလှိုင်တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ပိုင်သူစိုးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် သန့်ဇင်နှင့် စိန်ဝင်းလှိုင်တို့ နှစ်ဦးအား ညောင်တုန်းမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 05, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း